ဘယ်လိုရေးသားမှုကိုမှ အသိအမှတ်မပြုတော့ပါဘူးတဲ့။

မင်းသွေးနဲ့ ပတ်သက်ပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ မီဒီယာများတွင်တင်ခြင်း ကိစ္စရပ်တွေအပေါ် ကျန်ရစ်သူ မိသားစုဝင်တွေက မေတ္တာရပ်ခံချက် စာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Photo: ဆုမွန်ဖေ့စ်ဘွတ်

သရုပ်ဆောင် မင်းသွေးနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မေတ္တာရပ်ခံချက် သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ‘’ကွယ်လွန်သူ သရုပ်ဆောင် အဆိုတော် မင်းသွေးနှင့် ပတ်သက်၍ မိသားစုဝင်များမှ မေတ္တာရပ်ခံချက်’’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့တာပါတယ်။

‘’ရုပ်ရှင်သရုပ်ဆောင် အဆိုတော်မင်းသွေးအား ယနေ့အချိန်ထိ ချစ်ခင်အားပေးနေကြခြင်းအတွက် အထူးပင် ကျေးဇူးတင်လျှက်ရှိပါသည်။ ယခုအခါ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် မင်းသွေး နာမည်အား အသုံးပြုပြီး အလှူဒါနပြုခြင်း၊ ငွေကြေးကောက်ခံခြင်း၊ လူမှုစာမျက်နှာများတွေ တင်ခြင်း၊ မီဒီယာများတွင် တင်ခြင်း၊ မင်းသွေးနှင့် ဆွေမျိုးတစ်သိုက် Group နာမည်သုံးပြီး Admin မသိရှိပဲ အလှူဒါနပြုခြင်းများ၊ MT Logo အသုံးပြုခြင်းများအား မိသားစုဝင်များမှ အသိအမှတ်မပြုကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ ပြုလုပ်သည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမှာဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်’’ ဆိုပြီးတော့ မင်းသွေးရဲ့ ညီမလေးဖြစ်သူ မဆုမွန်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၃ နာရီက တင်ခဲ့တာဖြစ်ပါတယ်။

Photo: ဆုမွန်ဖေ့စ်ဘွတ်

မင်းသွေး ကွယ်လွန်ခဲ့တာ ၄ လကျော်ရှိပါပြီ။ သူ့ကို ချစ်ကြတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်း အပေါင်းအသင်းတွေ နဲ့ ပရိသတ်တွေ အများကြီးကလည်း မေ့လို့ မရနိုင်ကြသေးပါဘူး။ ထို့အပြင် သရုပ်ဆောင် နေတိုးကလည်း ညီငယ်နဲ့အတူ ရည်ရွယ်ထားတဲ့ သာသနာပြုလုပ်ငန်းတွေကို မင်းသွေးမရှိတော့ပေမယ့်လည်း ဆက်လုပ်သွားဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“မင်းသွေးဖြစ်ချင်ခဲ့တဲ့ ကြေးသွန်းဘုရားကို ကိုယ့်ရခိုင်ပြည်နယ်မှာ ဘုရား၊ စေတီပုထိုးတွေနဲ့အလှူအတန်းတွေလုပ်ချင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အနုပညာကြေးတွေနဲ့ စုပေါင်းပြီးတော့မှ ကြေးသွန်းဘုရားကို လှူဒါန်းဖို့အတွက် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ မင်းသွေးမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့ မိသားစုတွေ ဦးစီးပြီးတော့မှ ဒါကို ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ ကိုယ့်မွေးရပ်မြေမှာသာသနာပြုလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ရှိပါတယ်’’ လို့ ဇန်နဝါရီ(၂၉) ရက်နေ့ကပြုလုပ်ခဲ့တဲ့ အောင်သမာဓိ ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

Photo: ဆုမွန်ဖေ့စ်ဘွတ်

မင်းသွေးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူ့အတွက် ရည်စူးပြီး လစဉ်လတိုင်းမှာလည်း သရုပ်ဆောင်နေတိုးနဲ့ မိသားစုဝင်များက အလှူအတန်းတွေ လုပ်ပေးဖြစ်နေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မင်းသွေးကွယ်လွန်ခြင်း ၄ လပြည့်ကိုလည်း လှိုင်သာယာမြို့နယ်အတွင်းက သစ်တံခါးကျောင်းတိုက်မှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။

Photo: ဆုမွန်ဖေ့စ်ဘွတ်

မင်းသွေး ကွယ်လွန်ပြီးတဲ့နောက် သူပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မုန်းစွဲ’’ ရုပ်ရှင်ကား၊ ‘’လေးပါးကျော့ရှိန်’’ ရုပ်ရှင်ဇာတ်ကား၊ ‘’သတ်ကွင်း’’ ရုပ်ရှင်ဇာတ်ကားတို့ကိုလည်း အဆက်မပြတ် ရုံတင်ပြသခဲ့ပါတယ်။ အဲဒီနောက် မင်းသွေးရဲ့ ပထမဆုံး ဂီတမှတ်တိုင်တစ်ခုဖြစ်တဲ့ ‘’ ထိုးစစ်’’ MTV ကိုလည်း အစ်ကိုဖြစ်သူနေတိုးက ဆက်ပြီး ထုတ်လုပ်ပေးသွားဖို့ရှိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က