အရေးယူခံရမှုကြောင့် ကစားသမားကောင်းအချို့လက်လွှတ်ခံရဖို့ရှိနေပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းသစ်အရ ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အပြင် ဒဏ်ကြေးပါပေးဆောင်ရမှာဖို့ရှိနေတာပါ။

ယူအီးအက်ဖ်အေရဲ့ အပြင်းထန်ဆုံးပြစ်ဒဏ်လို့ သတ်မှတ်ရမယ့် ဥရောပပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ ရတဲ့ မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာပါ ထပ်မံအရေးယူခံရဖို့ရှိနေပြီး အမှတ်လျော့့ပြစ်ဒဏ်ပါချမှတ်ခံ ရဖို့ရှိနေတယ်လို့ thesun က ဖော်ပြလာပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းများကို ချိုးဖောက်မှုများရှိခဲ့တ ယ်လို့ စစ်ဆေးတည်ရှိခဲ့တဲ့အတွက် ပေါင် ၂၅သန်းဒဏ်ကြေးအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါပိ တ်ပင်ခံထားရတာလည်းဖြစ်ပါတယ်။



Indendpent.com ရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့လည်း မန်စီးတီးကို အရေးယူမှုအချို့ပြုလုပ်ဖို့ရှိနေပြီး ဘဏ္ဍာရေးမျှခြေစည်းမျဉ်းချိုးဖောက်မှုများအတွက် အမှတ်လျော့ပြစ်ဒဏ်ချမှ တ်ခံရဖို့ရှိနေတယ်လို့ အခိုင်အမာဖော်ပြလာခဲ့တာပါ။

သတင်းဖော်ပြမှုတွေအရ ပရီးမီးယားလိဂ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့တဲ့ မန်စီးတီးအသင်းက ပြည်တွင်းလိဂ်စည်းမျဉ်းများအတိုင်းအရေးယူ မှုအချို့ပြုလုပ်ဖို့ ဖိအားပေးတောင်းဆိုခြင်းခံနေရတယ်လို့လည်း သိရပါတယ်။

အဆိုးရွားဆုံးအခြေအနေဖြစ်လာခဲ့တဲ့အတွက် မန်စီးတီးအသင်းအနေနဲ့လည်း အကောင်းဆုံးတုံ့ပြန်မှုများပြုလုပ် ဖို့ရှိနေပြီး ယူအီးအက်ဖ်အေရဲ့ ပြစ်ဒဏ်အတွက် နိုင်ငံတကာအားကစားခုံရုံးသို့ အယူခံတင်သွင်းပြီးဖြစ်သလို အ သင်းပိုင်ရှင် ရှိတ်ခ်မန်ဆော်အနေနဲ့လည်း အကောင်းဆုံးရှေ့နေများနဲ့အတူ အယူခံအတွက်ပြင်ဆင်နေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

က္က