သူနေထိုင်တဲ့ အိမ်အနီးမှာပဲ ငှားထားတာပါတဲ့။

ဒါရိုက်တာစင်ရော်မောင်မောင်နဲ့ သားဖြစ်သူတို့ဟာ အကယ်ဒမီ မေသန်းနု ပြန်လာရင် နေထိုင်ဖို့ အိမ်တစ်လုံး ငှားထားတယ်လို့ ဆိုပါတယ်။ 

photo: Zin Yaw Mg



ဒါရိုက်တာစင်ရော်မောင်မောင်ဟာ သရုပ်ဆောင် မေသန်းနုအတွက် သူ့နေအိမ်ရဲ့ အနီးအနားမှာပဲ အိမ်ငှားပေးထားတယ်လို့ သိရပါတယ်။ 

"အင်းစိန်တောရစခန်းတွင် တရားဆောက်တည်နေသော ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ပြန်ထွက်လာချိန် တွင် နေထိုင်နိုင်ရန်အတွက် မေလ (၁)ရက်နေ့မှ စ၍ ကျွန်တော့်အိမ်၏ အနီးဆုံးနေရာတွင်ကျွန်တော့် အနေဖြင့် စတင်ငှါးရမ်းထားပါသည်။ ၎င်းအပြင် မေသန်းနု၏ မြောက်များလှစွာသော ပစ္စည်းများကို ကျွန်တော်တို့ သားအဖနှင့်အတူ စင်ရော်အဖွဲ့သားများမှ ရွှေ့ပြောင်းပေးပြီး ဆေး ဖြန်းလျက်ရှိကြောင်းချစ်စွာသော ပရိသတ်များအား အသိပေးအပ်ပါသည်" ဆိုပြီးတော့ မေလ ၁ ရက်နေ့ ည ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်။ 

photo: Zin Yaw Mg

မြန်မာနှစ်ဆန်း ၁ ရက်နေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိတဲ့ အကျဉ်းသားပေါင်း(၂) သောင်းကျော်ထဲမှာ အကယ်ဒမီ မေသန်းနု မပါဝင်လာခဲ့တဲ့အတွက် ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ စိတ်မကောင်းဖြစ်နေခဲ့တာပါ။ သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း မိခင်ပြန်လာမယ့်နေ့ကို စောင့်ကြိုနေတယ်လို့ ဆိုလာပါသေးတယ်။ 

" လူ နှစ်သောင်းသုံးထောင် ပြန်လွတ်သည့်အထဲတွင် မပါဝင်လာသော ရုပ်ရှင်သရုပ်ဆောင် မေသန်းနု အတွက် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရင်း အမေပြန်လာမည့်ရက်ကို ကြိုနေသော သားငယ်အတွက်ကျွန်တော် အကောင်းဆုံး ဆောင်ရွက်လျက် ရှိပါသည် လေးစားစွာဖြင့် မောင်စင်ရော်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။

photo: Zin Yaw Mg

မေသန်းနုကတော့ လက်ရှိမှာ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းတရားရုံးက ထောင်ဒဏ် တစ်နှစ် ကျခံဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါအမှုအတွက် ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာစင်ရော်မောင်မောင်ဟာ မတ်လ(၁၁) ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် ပယ်ချခြင်းခံခဲ့ရတယ်လို့လည်း စင်ရော်မောင်မောင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။  စင်ရော်မောင်မောင်အနေနဲ့ သူချစ်တဲ့ သားလေး ခံစားနေရတာတွေကို မကြည့်ရက်တော့ တာကြောင့် မေသန်းနုရဲ့ အမှုကိစ္စမှာ ပါဝင်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ချ ချခဲ့ရတာလည်း ဖြစ်ပါတယ်။ တရားလိုဘက်က တင်ပြမှုတွေဟာ တရားမျှတမှု မရှိဘူးလို့လည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း အသိပေးပွဲမှ ာစင်ရော်မောင်မောင်က ပြောပြခဲ့ဖူးပါတယ်။ 

photo: Zin Yaw Mg

မေသန်းနုကို တရားစွဲဆိုထားတဲ့ တရားလိုဒေါ်စန်းစန်းမြင့် ကလည်း သင်္ဃန်းကျွန်းတရားရုံးမှာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့က ရာဇသတ်ကြီးမှုအမှတ် ၂၇၅/၁၇၊ပုဒ်မ ၄၂၀ နဲ့ နောက်တိုးတရားခံအဖြစ် စွပ်စွဲထားတာဖြစ်ပြီး ကမာရွတ် တရားရုံးမှာလည်း မေသန်းနုကို ထပ်မံ တရားစွဲဆိုထားသေးတယ်လို့ သိရပါတယ်။ သူမအတွက် အနုပညာအသိုင်းအဝိုင်း ကရော၊ ပရိသတ်တွေ၊ မိသားစုတွေကပါ စိတ်မကောင်းဖြစ်လို့နေပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က