လိဒ်စ်နဲ့ပွဲက ခြေစွမ်းကို ချီးကျူးနေကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ အသင်းရဲ့ ကွင်းလယ်ကစားသမားလေး မေနိုရဲ့ ခြေစွမ်းကို ယူနိုက်တက်ပရိသတ်တွေက ချီးမွမ်းခန်းဖွင့်နေကြပါတယ်။ အသက် (၁၈) နှစ်အရွယ်သာရှိသေးတဲ့ ဒီကစားသမားလေးရဲ့ အသင်းရဲ့ ဒီနွေရာသီ ပထမဆုံးခြေစမ်းပွဲမှာ အရွယ်နဲ့ မလိုက်တဲ့ အစွမ်းမျိုးကို ပြသခဲ့တာပါ။



သူ့ရဲ့ ဘောလုံးလက်ခံရယူပုံ၊ ဖြန့်ဝေပုံ၊ ပွဲကို အကဲခတ် ဖတ်ရှုနိုင်ပုံတွေက အဆင့်အတန်းတစ်ခုမှာ ရှိနေပြီး ယူနိုက်တက်ပရိသတ်တွေကတော့ မေနိုရဲ့ ပထမပိုင်းက ခြေစွမ်းကို မချီးကျူးဘဲ မနေနိုင်အောင်ကို ဖြစ်ခဲ့ရပါတယ်။ မေနိုနဲ့ ပတ်သက်လို့လည်း ယူနိုက်တက်ပရိသတ်တွေက ရာသီကြို လေ့ကျင့်ခန်း အစီအစဥ်တွေမှာကတည်းက ချီးကျူးခဲ့ရတာပါ။


မနေ့ညက ယူနိုက်တက်တို့ လိဒ်စ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာတော့ ယူနိုက်တက်ပရိသတ်တွေက မေနိုရှိနေတာကြောင့် ကွင်းလယ်လူသစ် ထပ်မံခေါ်ယူဖို့တောင် မလိုအပ်တော့ဘူးလို့ ချီးကျူးခဲ့ကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေက “အမ်မရာဘတ်ကို မေ့လိုက်၊ ဒီမှာ မေနိုရှိနေပြီ”

“မေနိုကို အငှားနဲ့တောင် လက်မလွှတ်နိုင်တော့ဘူး။ ကက်စ်မဲရိုးက ဒီကောင်လေးအတွက် ရှေ့ဆောင်လမ်းပြဖြစ်ပေးဖို့ မျှော်လင့်ပါတယ်” “မေနိုက သက်သောင့်သက်သာနဲ့ကို ကစားသွားတာ။ သူက ကွင်းထဲမှာ ပြေးလွှားနေတာထက် ပါးနပ်မှုကို ဦးစားပေးခဲ့တာပဲ” “ငါက ချဲ့ကားပြောရတာကို မကြိုက်ပေမယ့် မေနိုကတော့ မြင်ဖူးသမျှထဲ အကောင်းဆုံး ကစားသမားပဲ”လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီမှာ ကက်စ်မဲရိုးရဲ့အရန်နေရာအတွက် ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူဖို့ သတင်းထွက်နေတာပါ။ ဒါပေမယ့်လည်း တန်ဟက်ခ်လက်ထက်မှာ ဂါနာချိုပြီးရင် ထွန်းတောက်လာမယ့် မေနိုက အသင်းကြီးရဲ့ ကွင်းလယ်အတွက် အကောင်းဆုံး Backup တစ်ခုဖြစ်လာမယ်လို့ ယူနိုက်တက်ပရိသတ်တွေက ယုံကြည်နေပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က