၂၀၁၉ ခုနှစ်မှာ နည်းပြဟောင်း လမ်းပတ်ရဲ့ ပထမအသင်းအတွက် ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မေဆန် မောင့်ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်က အနာဂတ်ဟာ မရေမရာဖြစ်နေဆဲဖြစ်တာကြောင့် အံ့အားသင့်ဖွယ် အလဲအထပ်သဘောတူညီမှု ပြုလုပ်ခြင်းခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ မေဆန် မောင့်တို့ကြား စာချုပ်သစ် ဆွေးနွေးပြောဆိုမှုတွေ ရပ်ဆိုင်းသွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ရဲ့ အနာဂတ်ဟာ မရေမရာမှုတွေ မြင့်တက်လာခဲ့ပြီး ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ချဲလ်ဆီးအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဗိတက်စ်နဲ့ ဒါဘီ ကောင်တီတို့မှာ အငှားနဲ့ ကစားခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ နည်းပြဟောင်း လမ်းပတ်ရဲ့ ပထမအသင်းအတွက် ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မေဆန် မောင့်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပွဲကစားချိန် အကန့်အသတ်နဲ့သာ ရရှိခဲ့တာကြောင့် ၎င်းရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့တာဖြစ်ပြီး စပိန်သတင်းဌာန Marca ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ အလဲအထပ်သဘောတူညီမှုမှာ ထည့်သွင်းခံရတော့မယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျာအို ဖီလစ်အတွက် ကမ်းလှမ်းမှုမှာ မေဆန် မောင့်ကို ထည့်သွင်းဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးကို လျော့ပါးသွားအောင် ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေထဲက တစ်ဦးကို ထည့်သွင်းနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အက်သလက်တီကို မက်ဒရစ် စီအီးအို မီဂဲလ် အိန်ဂျယ် ဂီးလ် မာရင်က ဂျာအို ဖီလစ်အတွက် သဘောတူညီမှုမှာ ဘယ်ကစားသမားအလိုက်မှ မလိုချင်ဘဲ ငွေသားသီးသန့်သာ ရရှိချင်တယ်ဆိုတာကို ချဲလ်ဆီးအသင်းသိအောင် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က