မေဆန်မောင့် ကလေးဘ၀မှာကတည်းက ဒရော့ဘာနဲ့ ဆုံတွေ့ခဲ့တာပါ။

ချယ်လ်ဆီးဂန္ထဝင်ကစားသမားကြီး ဒီဒီရာဒရော့ဘာက မေဆန်မောင့်ဟာ သူ့ဘ၀ရဲ့ ကလပ်အသင်းကနေ ထွက်ခွာသွားခဲ့တာလို့ ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ မေဆန်မောင့်ရဲ့ အပြောင်းအရွှေ့အတွက် ဒရော့ဘာက ဝမ်းနည်းနေတယ်လို့လည်း ယူဆရပါတယ်။ 

မေဆန်မောင့်ဟာ ၁၈ နှစ်ကြာ ချယ်လ်ဆီးမှာ ရှိနေခဲ့ပြီး ယူနိုက်တက်ကို ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။ သူ့အသက် ၆ နှစ်အရွယ်မှာပဲ ချယ်လ်ဆိးအကယ်ဒမီကို ရောက်ရှိခဲ့ကာ အသင်းကြီးမှာ အဓိကကစားသမားဖြစ်လာခဲ့တဲ့အထိ မေဆန်မောင့်က ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 

မနေ့ကပဲ ယူနိုက်တက်က မောင့်ကို သူတို့ရဲ့ ကစားသမားသစ်အဖြစ် ကြေညာခဲ့ပြီး ကစားသမားကလည်း ချယ်လ်ဆီးပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ ဗီဒီယိုမက်ဆေ့ချ်ကတဆင့် မေဆန်မောင့်က နှုတ်ဆက်ခဲ့တာကို ဒရော့ဘာက သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ ဖော်ပြခဲ့ပြီး ရေးသားပြောဆိုမှုတွေလည်း လုပ်ခဲ့ပါတယ်။ 

"သူ့ဘ၀ရဲ့ ကလပ်ကနေ ထွက်ခွာသွားခဲ့တဲ့ မင်းသားတပါး" လို့ ဒရော့ဘာက ရေးသားခဲ့ကာ ကွဲအက်နေတဲ့ အသည်းပုံ အီမိုဂျီကိုလည်း ထည့်သွင်းခဲ့ပါတယ်။ "ကျေးဇူးတင်ပါတယ်၊ မင်းလည်း အကောင်းဆုံးတွေကိုပဲ ဖြစ်ပါစေ" လို့လည်း ပါဝင်ခဲ့ပါတယ်။ 

မေဆန်မောင့်ရဲ့ နှုတ်ဆက်တဲ့ ဗီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၁ လကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တာလို့လည်း အားလုံးက ယူဆထားပါတယ်။ အဆိုပါဗီဒီယိုမှာ မေဆန်မောင့်က ဆံပင်ကို ဆေးဆိုးထားတာဖြစ်ပြီး လက်ရှိပုံစံနဲ့မဟုတ်တာကြောင့် ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာကို အားလုံးက ရိပ်မိခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က