မနေ့က ခြေစမ်းပွဲအပြိးမှာ ပြောဆိုခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂျ်က လိဒ်ယူနိုက်တက်နဲ့ ခြေစမ်းပွဲအပြီးမှာ မေဆန်မောင့်ကို သူ ဘာလို့ ခေါ်ယူခဲ့တာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ မေဆန်မောင့်ဟာ ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်အတွက် ပထမဆုံးအဖြစ် ဝင်ကစားခဲ့ပြီး အထင်ကြီးစရာပုံစံကောင်းတချို့ကို ပြသနိုင်ခဲ့ပါတယ်။ 

ပထမပိုင်း ၄၅ မိနစ်ကို ဝင်ကစားခဲ့ရတာဖြစ်ပြီး ယူနိုက်တက်ဟာ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ လိဒ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ မေဆန်မောင့်က ကိုဘီမေနို၊ ဟန်နီဘယ်တို့လို လူငယ်တွေနဲ့ တွဲဖက်ကာ ကွင်းလယ်ဘယ်ခြမ်းကို ကစားပေးခဲ့ရပြီး ပွဲချိန်တွင်း သူ့ကစားပုံတွေက ကျေနပ်လောက်စရာ ရှိနေခဲ့တာဖြစ်ပါတယ်။ 

မနေ့က ပွဲအပြီးမှာ တန်ဟက်ဂျ်က "ပထမပိုင်းကစားပုံက ကောင်းမွန်ပါတယ်၊ မေဆန်မောင့်က ရဲရဲရင့်ရင့်ကစားသွားခဲ့ပြီးတော့ သူ့အတွက် ခင်ဗျားတို့ ပျော်ရွှင်လို့ရပါပြီ၊ အသင်းအတွက် သူ ဘာတွေ ယူဆောင်လာနိုင်သလဲဆိုတာကို ဒီပွဲမှာ အားလုံးတွေ့ခဲ့ရမှာပါ'

"သူက ဘောလုံးထိန်းသိမ်းတာ ကောင်းမွန်ပြီး ခံစစ်ကစားတဲ့နေရာမှာလည်း ကျွမ်းကျင်ပါတယ်၊ ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားတဦးပါ၊ ဒါပေမယ့် သူ့မှာ တိုးတက်ဖို့လိုအပ်နေတဲ့ အပိုင်းလေးတွေတော့ ရှိပါသေးတယ်၊ သူ့ကစားပုံက အသင်းနဲ့လိုက်ဖက်ပြီး ကျနော်တို့ ရည်မှန်းချက်တွေကို အောင်မြင်မှုလုပ်ပေးနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

မေဆန်မောင့်ဟာ ယူနိုက်တက်ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက်စ်၊ ကက်စ်မဲရိုးတို့နဲ့ တွဲဖက်ကာ ကစားပေးရဖွယ်ရှိပြီး သူ့ရဲ့ ခြေစွမ်းအပေါ် ယူနိုက်တက်ပရိသတ်တွေက အများကြီးမျှော်လင့်နေပြီ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က