ယူနိုက်တက်မို့လို့ကို ဒီလိုတွေ တောင်းဆိုနေတာလို့ ခံစားလာရတာပါ။

ဗြိတိန်သတင်းဌာနတခုဖြစ်တဲ့ Times က မေဆန်မောင့်အတွက် ချယ်လ်ဆီးရဲ့ တောင်းဆိုမှုဟာ မန်ချက်စတာယူနိုက်တက်အသင်းမို့လို့ တမင်လုပ်နေတာလို့ ယူနိုက်တက်ဘက်က ယူဆကြောင်း ဖော်ပြလိုက်ပါတယ်။ ချယ်လ်ဆီးဟာ မေဆန်မောင့်အတွက် ယူနိုက်တက်ရဲ့ ၃ ကြိမ်တိုင် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ပေါင်သန်း ၇၀ အထိ တောင်းဆိုခဲ့ပါတယ်။ 


ယူနိုက်တ
က်ကလည်း စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိပြီး၊ အသင်းကလည်း ထွက်ခွာချင်နေတဲ့ ကစားသမားအတွက် ပေါင် ၅၅ သန်းက အလွန်ဆုံးပဲလို့ သတ်မှတ်ထားကြောင်း ဆိုပါတယ်။ လက်ရှိမှာ သဘောတူညီမှုမရရှိသေးဘဲ ယူနိုက်တက်က လက်လျှော့ကာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို အာရုံစိုက်နေတယ်လို့ သိရပါတယ်။ 

ဗြိတိန်မီဒီယာတချို့ရဲ့ သုံးသပ်ချက်အရတော့ ဒါဟာ စျေးကွက်အတွင်းမှာ ယူနိုက်တက်ကိုဆိုရင် ငွေကြေးပိုမိုရရှိအောင် တောင်းဆိုဖို့ အသင်းတော်တော်များများ ရည်ရွယ်လုပ်ဆောင်နေတာကို ပေါ်လွင်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာလည်း ယူနိုက်တက်ခေါ်ယူခဲ့တဲ့ ကစားသမားတချို့အတွက် ငွေကြေးပိုမိုပေးချေရမှုတွေက ရှိနေခဲ့ပါတယ်။ 

ချယ်လ်ဆီးဟာ မေဆန်မောင့် နဲ့ ကိုဗာဆစ်တို့ နှစ်ဦးစလုံးနဲ့ စာချုပ်သက်တမ်း ၁နှစ်စီသာ ကျန်ရှိတော့တာပါ။ ဒါပေမယ့် ကိုဗာဆစ်ကို မန်စီးတီးဆီ ရောင်းချခဲ့ရာမှာ ပေါင်သန်း ၃၀ နဲ့ သဘောတူညီခဲ့ပြီး မေဆန်မောင့်အတွက် ယူနိုက်တက်က ကမ်းလှမ်းလာချိန်မှာတော့​ ပေါင်သန်း ၇၀ အထိ တောင်းဆိုခဲ့တာပါ။ 

ဒီလိုတူညီတဲ့အနေအထားမှာ ကိုဗာဆစ်ကိုတော့ ရှောရှောရှူရှူနဲ့ ရောင်းချခဲ့ပြီး မေဆန်မောင့်အတွက် ယူနိုက်တက်ကို စျေးကိုင်နေတာကလည်း ဒီလိုတွေ ထင်ချင်စရာဖြစ်နေတာတော့ အမှန်ပါပဲ။ 


Share

Loading Next Article...
က္က