မေဆင်မောင့်က ယူနိုက်တက်မှာ ကျောနံပါတ် (၇) ကိုပါ ဝတ်ဆင်မှာပါ။

ယူနိုက်တက်ဂန္တဝင် နောက်ခံလူဟောင်းကြီး ဖာဒီနန်က ချဲလ်ဆီးအနေနဲ့ မေဆင်မောင့်ကို ယူနိုက်တက်ထံ ရောင်းချခဲ့ခြင်းအတွက် နောင်တရနေမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ် မေဆင်မောင့်ဟာ ယူနိုက်တက်နဲ့ (၅) နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် (၂) သိန်းခွဲ ရရှိသွားမှာဖြစ်ပါတယ်။



ယူနိုက်တက်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင် (၅၅) သန်း ပေးချေခဲ့ရပြီး အပိုဆုကြေး ပေါင် (၅) သန်း ထပ်မံပေးချေရမယ်လို့လည်း သဘောတူညီခဲ့ပါတယ်။ ဒီလိုမျိုး အသင်းရဲ့ အကယ်ဒမီထွက်၊ ကြယ်ပွင့်တစ်ယောက်ကို ပြိုင်ဘက်အသင်းထံ ရောင်းချခဲ့တဲ့ ချဲလ်ဆီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပေါလ်မာဆင်က ဝေဖန်ထားပါတယ်။

အခုချိန်မှာလည်း ဖာဒီနန်က “မောင့် ယူနိုက်တက်ကို ရောက်လာတဲ့အတွက် တကယ်ကို ကျေနပ်အားရမိပါတယ်။ သူက ငယ်ရွယ်ပြီး အရည်အသွေးရှိတယ်၊ အောင်ပွဲတွေကို ဆာလောင်နေသူပါ။ ယူနိုက်တက်မှာ ကြုံတွေ့ရနိုင်တဲ့ ပွဲကြီးတွေ ကစားတဲ့အခါ ကြုံတွေ့ရမယ့် ဖိအားတွေနဲ့ ပတ်သက်လို့လည်း သူ့မှာ အတွေ့အကြုံရှိပါတယ်”

“ကစားသမားတစ်ယောက်အနေနဲ့ သူက ဂိုးတွေ သွင်းပေးနိုင်တယ်၊ ဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်တယ်၊ အလုပ်ကြိုးစားပြီး ပြိုင်ဘက်ဧရိယာထဲကို ပြေးဝင်ဖို့ အာသီသရှိတဲ့ ကစားသမားပါ။ ယူနိုက်တက် ကွင်းလယ်မှာ အခြားဘယ်သူနဲ့မှမတူတဲ့ ပုံစံမျိုးကို သူက ပေါင်းစပ်ပေးနိုင်ပါလိမ့်မယ်။ ချဲလ်ဆီးကတော့ မေဆင်မောင့်ကို ရောင်းချမိလို့ နောင်တရနေမယ်လို့ ကျွန်တော် အမှန်တကယ် စဥ်းစားနေတာပါ”

“အခုချိန်ကတော့ ကျောနံပါတ် (၉) အတွက်ပဲ” လို့ တွစ်တာပေါ်မှာ ရေးသားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ မေဆင်မောင့်ကို ခေါ်ယူခဲ့ပြီးနောက် ဂိုးသမားနေရာကို ဆက်လက်အားဖြည့်ဖို့ ကြိုးစားလျက်ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ ယူနိုက်တက်တို့ ဗဟိုတိုက်စစ်မှူးနေရာအတွက် ကစားသမားသစ် သေချာပေါက် ခေါ်ယူသွားဖွယ်ရှိပြီး အတ္တလန်တာတိုက်စစ်မှူး ဟို့ဂျ်လန်းကို ခေါ်ယူဖို့ သတင်းထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...
က္က