လူမှုကွန်ယက် facebook messenger ကနေတစ်ဆင့်တွေ့ဆုံဖို့ ချိန်းဆိုပြီး ပစ္စည်းလုယူလူသတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ်လူငယ်နှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဓါတ်ပုံ-ရဲဇာနည်
စစ်ကိုင်း-မန္တလေးကားလမ်းနဲ့ (၈၆) လမ်းကြားရှိတဲ့ ရွှေတစ်ချောင်းတံတားပေါ်မှာ မတ်လ ၂၃ ရက်နေ့ ညကိုးနာရီက ထိုးသွင်းဒဏ်ရာတွေနဲ့ အသက် ၄၀ နှစ်ရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဆိုပါ သေဆုံးသူ မျိုးမျိုး (ခ) မျိုမင်းဦး
ရဲ့လက်ကိုင်ဖုန်းကို စစ်ဆေးရာမှာတော့ sharr wana အကောင့်နဲ့ လူငယ်တစ်ဦးနဲ့တွေ့ဖို့ချိန်းပြီး ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်ဖို့ ချိန်းဆိုထားခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက တစ်ဆင့်အဆိုပါနံပါတ်ကို ဆက်သွယ်ချိန်းဆိုစေခဲ့ပြီး မဟာမုနိဘုရားကြီးပန်းခြံမှာ တွေ့ဆုံမယ်လို့ ပြောဆိုတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက စောင့်ဆိုင်းခဲ့ပါတယ်။
ေစာင့်ဆိုင်းစဉ်မှာ ၄၁ လမ်း သားရေစက်ရုံရှေ့မှာ ဆိုင်ကယ်ဆီပြတ်နေတာကြောင့် လာရောက်တွေ့ဆုံဖို့ ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ရာမှ ဖမ်းဆီးခဲ့ရာ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်နေသူ သီဟအောင် (၁၅) နှစ်နဲ့ ခွန်းဆက်မျိုးအောင် (၁၄) နှစ်တို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ကျူးလွန်သူတွေက သံလျှက်မှော်အနောက်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်မှာ တစ်ရပ်ကွက်တည်းနေ ညီညီလွင်(၁၅) နှစ်၊ ဝေလင်းဦးနဲ့ ဖိုးချမ်း (၁၉) နှစ်တို့နဲ့ တွေ့ဆုံခဲ့ပြီး တွေ့ဆုံချိန်မှာ ဖိုးချမ်းမှ ငွေလိုနေကြောင်း၊ လိုင်းပေါ်မှာ တွေ့ထားတဲ့သူရှိပါက ချိန်းဆိုပြီး ဝင်လုမယ်ဟု ပြောဆိုခဲ့တာကြောင့် သီဟအောင်နဲ့ ခွန်းဆက်မျိုးအောင် တို့က သေဆုံးသူကို messenger ကတစ်ဆင့်ချိန်းဆိုခဲ့ပြီးတော့ ချိန်းဆိုတဲ့နေရာက လူများနေတာကြောင့် စန္ဒာမုနိ ဘုရားလမ်းကြားကို ခေါ်ဆောင်လာဖို့နဲ့ ညီညီလွင်၊ ဝေလင်းဦးတို့နဲ့ အတူစောင့်ဆိုင်းနေမယ်လို့ ပြောဆိုခဲ့ပြီး ၎င်းတို့ နှစ်ဦးနဲ့အတူ မျိုးမျိုးက အဆိုပါနေရာသို့ သွားရောက်စကားပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေရာမှာအသင့်စောင့်နေတဲ့ ဖိုးချမ်းနဲ့ ဝေလင်းဦးတို့ ရောက်လာပြီးတော့ လက်ကိုင်ဖုန်းကို တောင်းယူစဉ်မှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးတာကြောင့် ဖိုးချမ်း(ခ) ငြိမ်းချမ်းအောင်က ဓားမြှောင်နဲ့ ထိုးခဲ့ပြီးနေအိမ်သို့ လူစုခွဲပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ကျူ
းလွန်ရာမှာပါဝင်ခဲ့တဲ့ ညီညီလွင်ကို နေပူရွာရပ်ကွက်လမ်းမပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီးတော့ ဖိုးချမ်းနဲ့ ဝေလင်းဦးတို့ နှစ်ဦးကို တော့ ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။