PIN နဲ့ Code ထားပြီး သိမ်းနိုင်သလို ကြားခံ Cloud Service ပေါ်မှာ သိမ်းဖို့လည်း ရွေးချယ်နိုင်မှာပါ။

Meta လူမှုကွန်ရက်ကုမ္ပဏီဟာ Messenger ပေါ်မှာ လုံခြုံစိတ်ချရတဲ့ Storage စနစ်တစ်ခု စမ်းသပ်နေတယ်လို့ ဆိုပါတယ်။


E2EE လို့ အတိုကောက်ခေါ်နေကြတဲ့ End-To-End Encryption နည်းလမ်းဟာ ကြားခံမထားဘဲ ဆက်သွယ်သူချင်း တိုက်ရိုက်အချက်အလက်လွှဲပြောင်းနိုင်တဲ့ နည်းပညာဖြစ်လို့ အပြင်လူက အချက်အလက် ဝင်မယူနိုင်အောင် ကာကွယ်ပေးနိုင်တဲ့ လုံခြုံမှုရှိတဲ့ဆက်သွယ်ရေးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ရဲ့ ထုတ်ပြန်ချက်ထဲမှာ Messenger ပေါ်က End-To-End လျှို့ဝှက်ထားတဲ့ အချက်အလက်တွေရဲ့ အရံ Backups တွေကိုပိုစိတ်ချရတဲ့ သိမ်းဆည်းရေးနည်းလမ်းတစ်မျိုး စမ်းသပ်နေတယ်လို့ ဖော်ပြထားပါတယ်။ 






"လူတွေဟာ သူတို့မိတ်ဆွေတွေ ၊ မိသားစုဝင်တွေနဲ့ အွန်လိုင်းစကားပြောဆိုမှုတွေက လုံခြုံတယ် ၊ မဆိုင်တဲ့သူတွေ မသိရဘူးဆိုတာကို ယုံကြည်စိတ်ချချင်ကြပါတယ်။ ကျွန်တော်တို့ဟာ Messenger နဲ့ Instagram ပေါ်က Default စံထားတဲ့ End-To-End Encryption နဲ့ ခေါ်ဆိုပေးပို့မှု လုပ်တဲ့ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးမက်ဆေ့ချ်နဲ့ ခေါ်ဆိုမှုတွေကို အကာအကွယ်ပေးဖို့ ကြိုးစားနေကြပါတယ်။ " လို့ Meta က ထုတ်ပြန်ပါတယ်။ 

လက်ရှိအခြေအနေအရ Messenger ပေါ်က End-To-End လုံခြုံရေးလျှို့ဝှက်ထားတဲ့ စကားပြောခန်းတွေကို အသုံးပြုသူရဲ့ ဖုန်း/တက်ဘလက် စတဲ့ ထုတ်ကုန်တွေပေါ်မှာပဲ သိမ်းဆည်းထားတာပါ။ Meta ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖုန်းပျောက်သွားပြီး ဖုန်းသစ်ပေါ်မှာ အရင်ပြောခဲ့တဲ့ Message History ပြန်ယူနိုင်ဖို့ ကုမ္ပဏီဟာ လုံခြုံစိတ်ချရတဲ့ မက်ဆေ့ချ် Backup အရံသိမ်းဆည်းရေးစနစ်တစ်ခုကို စမ်းသပ်နေတာလို့ ဆိုပါတယ်။ 

E2EE စနစ်နဲ့ စကားပြောထားတဲ့အပြင် Secure Storage စနစ် ပါတာ ဖြစ်လို့ ကုမ္ပဏီဘက်ကလည်း အသုံးပြုသူရဲ့ မက်ဆေ့တွေ ဝင်ကြည့်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ Secure Storage စနစ်ဟာ Messenger ပေါ်က အသုံးပြုသူရဲ့ End-To-End လျှို့ဝှက်စကားပြောခန်းမှတ်တမ်းတွေကို ကာကွယ်ဖို့ စံနည်းလမ်းတစ်ခု ဖြစ်လာမှာ ဖြစ်သလို ကိုယ်ကြိုက်သလို မက်ဆေ့ချ်တွေ ပြန်ဆယ်ယူဖို့အတွက်လည်း ရွေးစရာနည်းလမ်းတွေ အများကြီး ရှိနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Backup သိမ်းထားတဲ့ Encrypted မက်ဆေ့ချ်တွေထဲ ဝင်ဖို့အတွက် PIN ထားတဲ့ နည်းလမ်းနဲ့ Code တောင်းတဲ့နည်းလမ်းဆိုပြီး နည်းလမ်း ၂ မျိုး ရှိမှာ ဖြစ်သလို Third-party Cloud Services တွေနဲ့လည်း ကိုယ့်ရဲ့ Messenger စကားပြောခန်းတွေကို Restore ပြန်ရယူနိုင်မှာပါ။ ဒီ Feature ကို အခုတစ်ပတ်အတွင်း Android နဲ့ iOS ထုတ်ကုန်တွေအတွက် ဖြန့်ချိထားပြီး Messenger ဝက်ဘ်ဆိုက်ဗားရှင်းအတွက်တော့ ထွက်မလာသေးပါဘူး။



Meta အနေနဲ့ Instagram ပေါ်က End-To-End Encrypted မက်ဆေ့ချ်တွေကိုလည်း ဒီနည်းလမ်းနဲ့ စမ်းသပ်မှု တိုးချဲ့သွားမယ်လို့ ကြေညာထားပါတယ်။ Meta ဟာ ၂၀၁၆ ခုနှစ်ကတည်းက End-To-End Encryption လုံခြုံရေးစနစ်ကို အပြည့်အဝ အသုံးချဖို့ ဆွေးနွေးခဲ့ပေမယ့် ဒီလုံခြုံရေးနည်းပညာက ကလေးသူငယ်တွေကို လိင်အမြတ်ထုတ်သူတွေကို ဖမ်းမိရေးအတွက် ဥပဒေကြောင်းအရ လုပ်ဆောင်မှုတွေကို ပိုခက်ခဲစေမယ်လို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ 

လာမယ့် ၂၀၂၃ ခုနှစ်မှာ ပုဂ္ဂိုလ်ရေး မက်ဆေ့ချ်နဲ့ ခေါ်ဆိုမှုတွေအတွက် Default End-To-End Encryption စံစနစ်ကို တစ်ကမ္ဘာလုံးဖြန့်ချိနိုင်ဖို့ Meta က ရည်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က