ညဘက် Messenger သုံးသူများအတွက် ခပ်မိုက်မိုက် feature ပါ

     ပြီးခဲ့တဲ့နှစ် မေလကတည်းက ကြေညာထားတဲ့ feature သစ်တစ်ခု Facebook Messenger မှာ လူတိုင်း သုံးနိုင်ပြီ ဖြစ်ပါတယ်။         

         Facebook ဟာ F8 Developer Conference ပွဲမှာ Messenger ရဲ့ UI ဒီဇိုင်းကို ပြောင်းသွားမယ်လို့ကြေညာခဲ့ပြီး ဒီကြေညာချက်အရ Messenger ဒီဇိုင်းသစ်ဟာ ရိုးရှင်းသွက်လက်မှု ရှိလာမှာဖြစ်ပြီး dark mode ပါလာမယ်လို့ဆိုတာကြောင့် Messenger သုံးသူတွေဟာ ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့တာပါ။ အခုတော့ Messenger ရဲ့ dark Mode ဟာ အန်းဒရိုက် နဲ့iOS ဖုန်းအားလုံးမှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။


Photo: technologyonboard

         Facebook Messenger မှာ Dark Mode ဖွင့်ဖို့က လွယ်ပါတယ်။ ပထမဆုံး ကိုယ့် Messenger contact ထဲက သူငယ်ချင်းတစ်ယောက်ကို အဝါရောင်လခြမ်းပုံလေးတစ်ခု ပို့ပေးရမှာပါ။ ဒီ emoji ကိုတော့ Messenger ရဲ့ chat box ထဲက ပြုံးနေတဲ့ emoji လေးထဲကနေ ဝင်ရှာရင် တွေ့မှာ ဖြစ်ပါတယ်။ ဒီပုံလေးကို ကိုယ့်ရဲ့ သူငယ်ချင်းယောက်ဆီ ပို့ပေးပြီးတာနဲ့အဝါရောင် လခြမ်းပုံတွေ အများကြီး ကျလာမှာပါ။

         ဒီလိုကျလာပြီးတဲ့နောက်မှာတော့ Dark Mode ကို ဖွင့်နိုင်ပြီဆိုတဲ့ pop-up တစ်ခု တက်လာမှာပါ။ You Found Dark Mode! လို့တက်လာတဲ့ pop-up box ထဲ ဝင်ပြီး Dark Mode ကို ဖွင့်ပေးလိုက်တာနဲ့ကိုယ့်ရဲ့ Messenger ကို Dark Mode နဲ့ပြမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက Dark Mode settings ထဲ ဝင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ Messenger ဟာ update ဖြစ်နေရမှာပါ။



         Facebook ဟာ Dark Mode ကို ထုတ်ရတဲ့ ရည်ရွယ်ချက်ဟာ ညဘက် Messenger သုံးသူတွေအတွက် မျက်လုံးမနာစေဖို့အတွက် ထုတ်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် ရည်ရွယ်ချက်တစ်ခုက Messenger ရဲ့ UI ကို ရိုးရှင်းတဲ့ ဒီဇိုင်းဖြစ်အောင်လို့ပါ။ Facebook ဟာ Messenger ဒီဇိုင်းသစ်မှာ သုံးမယ့် buttons အရေအတွက်ကို ၄ ခုပဲ ထားဖို့စီစဉ်နေပြီး ဒီထဲမှာ contact အတွက် တစ်ခု ၊ ကင်မရာအတွက် တစ်ခုနဲ့ဖုန်းခေါ်ဖို့အတွက် တစ်ခုပဲ ပါလာပါတယ်။

         ပြီးခဲ့တဲ့နှစ် မေလထဲမှာ ကျင်းပခဲ့တဲ့ Facebook ရဲ့ F8 Developer Conference မှာတော့ Messenger အတွင်းမှာပဲ built-in ဘာသာပြန်စနစ်ထည့်သွင်းသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က