Workplace နဲ့ Teams တို့ ပေါင်းစည်းသွားမှာပါ

Facebook မိခင်ကုမ္ပဏီ Meta ဟာ Microsoft နဲ့ ပူးပေါင်းပြီး ကုမ္ပဏီနှစ်ခုရဲ့ ဆက်သွယ်ရေးဆော့်ဖ်ဝဲလ်ချင်း ပေါင်းစည်းသွားမယ်လို့ ဆိုပါတယ်။ 

ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့က ပြိုင်ဘက် လုပ်ငန်းသုံးဆက်သွယ်ရေးဆော့ဖ်ဝဲလ်ကြီးနှစ်ခု ဖြစ်တဲ့ Microsoft ပိုင် Te‌ams နဲ့ Facebook ပိုင် Workplace တို့အကြား ပေါင်းစည်းမှုလုပ်သွားမယ့်အကြောင်း Meta က ကြေညာလိုက်တာ ဖြစ်တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ 




Photo: siasat

Microsoft Teams နဲ့ ဆော့်ဝဲလ်ချင်းပေါင်းစည်းမှုဟာ ဖောက်သည်တွေအတွက် Workplace content တွေကို Teams app ထဲမှာ အသုံးပြုနိုင်စေမယ်လို့လည်း ဖော်ပြထားပါတယ်။ အသုံးပြုသူတွေဟာ Workplace app ထဲမှာ Teams ဗွီဒီယိုအစည်းအဝေးတွေ ကြည့်လို့ရမယ်လို့လည်း ဆိုပါတယ်။ အခုပေါင်းစည်းမှုဟာ လုပ်ငန်းသုံးဆက်သွယ်ရေးဆော့ဖ်ဝဲလ်ဈေးကွက်ထဲက ပြိုင်ဘက်ကုမ္ပဏီကြီးနှစ်ခုအကြား မိတ်ဖက်ပြုမှုလည်း ဖြစ်ပါတယ်။ 

ဒီ Partnership ဟာ Meta အတွက် ပိုပြီး အမြတ်ထွက်မယ်လို့လည်း ပြောနေကြပါတယ်။ Facebook ရဲ့ Workplace ဆော့ဖ်ဝဲလ်ဟာ ဈေးကွက်မှာ Microsoft Teams ကို မယှဉ်နိုင်သေးပါဘူး။ Workplace ဟာ ကုမ္ပဏီချင်းချိတ်ဆက်မှုကို ဦးတည်ပြီး Teams ကတော့ ဝန်ထမ်းနဲ့ လုပ်ဖော်ကိုင်ဘက်တွေအကြား တိုက်ရိုက်အမြန်ဆက်သွယ်ဖို့ ဦးတည်ထားတာပါ။ ဈေးကွက်အားဖြင့်လည်း Workplace user က Teams လောက် မများပါဘူး။

Photo: USA Today

Workplace အခပေးစာရင်းသွင်းထားသူ ၇ သန်း ရှိတယ်လို့လည်း မေလက ကြေညာထားပါတယ်။ ဇူလိုင်လထဲမှာ Microsoft ရဲ့ ထုတ်ပြန်ချက်အရ Teams ထုတ်ကုန်ကို လစဉ် သုံးစွဲသူ သန်း ၂၅၀ အထိ ရှိတယ်လို့လည်း ဆိုပါတယ်။ Microsoft ဟာ Teams အပြင် Meta ပိုင် Workplace လိုမျိုး Yammer ဆိုတဲ့ လုပ်ငန်းသုံး လူမှုကွန်ရက်ဆက်သွယ်ရေး ဆော့ဖ်ဝဲလ်တစ်ခု ထုတ်ထားပါတယ်။ 

အခုလို ပူးပေါင်းဖြစ်အောင် Vodafone နဲ့ Accenture အပါအဝင် ဖောက်သည်တွေက တောင်းဆိုထားတာ ဖြစ်တယ်လို့ Meta ရဲ့ Workplace အကြီးအကဲ ဖြစ်သူ အူဂျီဝဲလ်ဆင်းဂ်က CNBC ကို ပြောပါတယ်။ Workplace ဆော့ဖ်ဝဲလ်ဟာ Microsoft ပိုင် Office 365 ၊ SharePoint ၊ Azure Active Directory ၊ OneDrive နဲ့ Microsoft Teams တို့နဲ့ ပေါင်းစဉ်းထားပေမယ့် Yammer နဲ့ ပေါင်းစည်းမှုတော့ မရှိဘူးလို့လည်း ဆင်းဂ်က ပြောပါတယ်။ 

Share

Loading Next Article...
က္က