နယူးကာဆယ်နဲ့ပွဲအပြီးမှာ မက်ဂွိုင်းရားက ပြောကြားခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားက နယူးကာဆယ်နဲ့ပွဲမှာ ပုံစံကောင်းပျောက်ဆုံးခဲ့တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်အပါအဝင် ယူနိုက်တက်တစ်သင်းလုံးဟာ ဆိုးရွားတဲ့ ပုံစံနဲ့ တုံ့ပြန်မှုကို ပြသခဲ့တာပါ။



ရပ်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ ခံယူချက်ကိုလည်း အလန်ရှီးယား၊​ ဂျီးနပ်စ်တို့က ပွဲအပြီးမှာ ဝေဖန်ခဲ့ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ခ်ကလည်း ရပ်ရှ်ဖို့ဒ်နဲ့ သီးသန့်ဆွေးနွေးသွားမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားကတော့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ကာကွယ်ပြောကြားပေးခဲ့ပါတယ်။

မက်ဂွိုင်းရားက “ရပ်ရှ်ဖို့ဒ်က မနှစ်တုန်းက မယုံနိုင်စရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။ ဒီနှစ်မှာတော့ သူ့အတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်သေးပါဘူး။ ဒါပေမယ့် သူကြိုးစားနေပါတယ်။ အဝတ်လဲခန်းထဲမှာရှိတဲ့လူတိုင်းက သူဘာလုပ်နိုင်လဲဆိုတာကို သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပွဲကျပ်တွေ ဆက်တိုက် ကစားနေရတဲ့အပေါ် မက်ဂွိုင်းရားက “(၆)​ ရက်အတွင်း အဝေးကွင်း (၃) ပွဲ ကစားရတာက ခက်ခဲကြမ်းတမ်းတဲ့ ရက်သတ္တပတ်ပါပဲ။ အရိုးသားဆုံးပြောရရင် ပထမပိုင်းပြီးကတည်းက ကျွန်တော်တို့က ဒီ (၃)​ပွဲစလုံးကို ကစားပြီးသွားသလိုမျိုး ဖြစ်ခဲ့ပါတယ်”
“အရှိန်၊ ပြင်းထန်မှု ဒါတွေအကုန်လုံး မရှိတော့ပါဘူး။ နယူးကာဆယ်က ကျွန်တော်တို့ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲချိန်အတွင်း ကောင်းလာတာမျိုးရှိပေမယ့် ပွဲပြီးဆုံးချိန်အထိတော့ လုံလောက်မှုမရှိခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က