မက်ဂွိုင်းရားကို ချီးကျူးသွားခဲ့တာပါ။

ယူနိုက်တက်ကစားသမားဟောင်း အက်ရှ်လေယန်းက လက်ရှိမှာ အမှားအယွင်းတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မက်ဂွိုင်းရားဘက်က ကာကွယ်ပေးသွားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ အင်္ဂလန်အသင်းမှာ အမှားတွေ ဆက်တိုက် ကျူးလွန်ခဲ့တဲ့နောက် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။



ယူကရိန်းနဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ မက်ဂွိုင်းရားက ကိုယ့်လူကိုယ် ပြန်ကပ်မိပြီး အမှားကျူးလွန်မိခဲ့သလို စကော့တလန်နဲ့ ခြေစမ်းပွဲမှာလည်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာလည်း တန်ဟက်ခ်လက်ထက် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီးဖြစ်တဲ့ ကစားသမားပါ။

အက်ရှ်လေယန်းကတော့ “မက်ဂွိုင်းရားရဲ့ အင်္ဂလန်အတွက် စွမ်းဆောင်မှုတွေက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ သူက ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာကို ကျွန်တော် သိပါတယ်။ ခင်ဗျားအနေနဲ့ ယူနိုက်တက်လို အသင်းအတွက် ကစားပြီဆိုရင် ဖိအားတွေကတော့ အမြဲတမ်းရှိနေမှာပါ။ သူ အဆင်ပြေပါလိမ့်မယ်”

“အခုချိန်မှာ သူက ယူနိုက်တက်အတွက် အများကြီး ကစားခွင့်မရပါဘူး။ ဒါပေမယ့် သူ အင်္ဂလန်အတွက် ကစားပေးခဲ့တဲ့ပုံကို ကြည့်လိုက်ပါ။ တစ်ခါတလေမှာတော့ ကိစ္စတွေက ကိုယ့်အတွက် အဆင်မပြေတာမျိုးရှိပါတယ်။ အချို့နေ့တွေမှာ ကိုယ့်ဂိုးကိုယ်သွင်းမိတာမျိုးပေါ့။ ဒါမျိုးက သူ့အတွက် လိုအပ်တဲ့အရာမဟုတ်ပါဘူး”

“ကျွန်တော် မက်ဂွိုင်းရားနဲ့ တွဲကစားခဲ့ဖူးပြီး သူက ဘယ်လောက်ကောင်းတယ်၊ အသင်းအတွက် ဘာတွေ လုပ်ပေးနိုင်တယ်ဆိုတာကို သိပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားအရ သူက အဆင်ပြေမယ့် ကစားသမားပါ။ သူ့ကို ပြောချင်တာကတော့ ကိုယ့်လူရေ၊ မင်းက တကယ်ကို အံ့အားသင့်ဖွယ်ကစားသမားပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က