မနှစ်တုန်းက မက်ဂွိုင်းရားအကြောင်းကို လွှတ်တော်ထဲမှာ ပြောကြားခဲ့တာပါ။

ဂါနာလွှတ်တော်အမတ် အဒွန်ဂိုဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားနဲ့ပတ်သက်လို့ လူသိရှင်ကြား တရားဝင်တောင်းပန်သွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါအမတ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်းက မက်ဂွိုင်းရားအကြောင်းကို လွှတ်တော်အတွင်း ပြောကြားခဲ့တာပါ။



ဂါနာနိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်လို့ ဒုတိယသမ္မတကို စောဒကတက်ခဲ့တဲ့နေရာမှာ အဒွန်ဂိုက မက်ဂွိုင်းရားကို ဥပမာပေးပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

အဒွန်ဂိုရဲ့လုပ်ရပ်ကြောင့်လည်း မက်ဂွိုင်းရားတစ်ယောက် ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ပိုမိုရင်ဆိုင်ခဲ့ရပြီး ဖိအားများခဲ့ရပါတယ်။ လက်ရှိမှာတော့ မက်ဂွိုင်းရားက ယူနိုက်တက်ရဲ့ အဓိက,ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပါတယ်။
အဲ့ဒါကြောင့်လည်း အဒွန်ဂိုက “အခုချိန်မှာတော့ မက်ဂွိုင်းရားက အရာရာပြောင်းလဲသွားခဲ့ပါပြီ။ သူက ပြောင်းလဲနိုင်စွမ်းရှိတဲ့ ဘောလုံးသမားတစ်ယောက်ပါ” လို့ ပြောကြားရင်း တစ်ချိန်က သူ့ရဲ့ပြောစကားတွေ မှားယွင်းခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အဒွန်ဂိုက “မက်ဂွိုင်းရားက အင်္ဂလန်လိုနေရာမျိုးမှာ ယူနိုက်တက်အတွက် ကစားပေးနေပါတယ်”
“သူက သူ့ကိုယ်သူ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူလိုမျိုး ဖျက်ထုတ်ပြီး သူ့ခန္ဓာကိုယ်ကို နေရာစုံမှာ လျှောထိုးပြနေပါတယ်။ ဒီအတွက် ယူနိုက်တက်က သူ့ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူက ပြိုင်ဘက်တွေကို အခွင့်အရေးတွေကို ပေးနေပါပြီ” လို့ ပြောကြားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

က္က