ယူနိုက်တက်ကစားသမားတွေနဲ့ တယောက်ချင်းတွေ့ဖို့ အဲရစ်တန်ဟက်ခ်က စီစဥ်ထားတာပါ။

လာမယ့်နွေရာသီမှာ ယူနိုက်တက်ကို စတင်ကိုင်တွယ်မယ့် အဲရစ်တန်ဟက်ခ်ဟာ အသင်းကစားသမားတွေနဲ့ အခုချိန်တည်းက တယောက်ချင်းစီ တွေ့ဆုံဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။ ဒါဟာ အသင်းရဲ့ကစားသမားအနေအထားကို အပြောင်းအလဲလုပ်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်တယ်လို့လည်း ယုံကြည်နေကြပါတယ်။



အဲရစ်တန်ဟက်ခ်ဟာ လက်ရှိအချိန်မှာ အေဂျက်စ်ကို ကိုင်တွယ်နေဆဲဖြစ်ပေမယ့် သူအလိုရှိတဲ့ ကစားသမားစာရင်းတွေကို ယူနိုက်တက်ကင်းထောက်တွေဆီ ပေးထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အသင်းသစ်မှာ လက်တွဲရမယ့် ကစားသမားသစ်တွေနဲ့ Zoom က တဆင့် တယောက်ချင်း တွေ့ဆုံသွားဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။

ဒီအနေအထားဟာ မက်ဂွိုင်းရားရဲ့ အသင်းခေါင်းဆောင်ရာထူးအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ သတင်းတွေကဖော်ပြနေပြီး သူနဲ့ ဒီလိုမျိုး တယောက်ချင်းတွေ့ဆုံချိန်မှာ အထင်ကြီးမခံရတဲ့ ကစားသမားတွေအနေနဲ့ အသင်းမှာအနာဂတ် ပျောက်ဆုံးသွားနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် ဒီလိုတွေ့ဆုံမှုတွေကနေတဆင့် အသင်းခေါင်းဆောင်အသစ်ကိုပါ တပါတည်းရွေးချယ်သွားဖွယ်ရှိနေပါတယ်။

သတင်းရင်းမြစ်တယောက်က “အဲရစ်တန်ဟက်ခ်က အစီအစဥ်ဆွဲတဲ့နေရာမှာ တော်တော်လေးကို စေ့စပ်သေချာတဲ့လူတယောက်ပါ။ လက်ရှိအသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အခြေအနေနဲ့ ဘယ်သူက အသင်းမှာဆက်နေချင်တယ်၊ ဘယ်သူက ထွက်သွားချင်တယ်ဆိုတာမျိုးကိုပါ သူနဲ့ ဆွေးနွေးဖို့ အလိုရှိနေပါတယ်”

“လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေကိုလည်း သူအသင်းကိုမရောက်ခင်မှာတင် တယောက်ချင်းစီရဲ့ပြောစကားတွေကတဆင့် နားထောင်ပေးချင်နေပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အဲရစ်တန်ဟက်ခ်က လာမယ့်နွေရာသီရောက်တာနဲ့ သူသွားချင်တဲ့ပုံစံအတိုင်း ချက်ချင်းအစပြုနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက် အဝတ်လဲခန်းအတွင်း ပြဿနာရှိနေတယ်လို့ သတင်းတွေထွက်နေပြီး ဒီအခြေအနေကိုလည်း အဲရစ်တန်ဟက်ခ်တယောက် ရိပ်စားမိပုံပါပဲ။ အဲ့ဒါကြောင့်လည်း သူအသင်းကိုမရောက်ခင်မှာတင် ယူနိုက်တက်အသင်းတွင်းရှုပ်ထွေးနေတဲ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ စိုင်းပြင်းနေပြီး ကစားသမားတွေနဲ့ တယောက်ချင်း အကြိုတွေ့ဆုံဖို့ စီစဥ်ထားတာဖြစ်နိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က