မက်ဂွိုင်းရားကို ချဲလ်ဆီးတို့ခေါ်ယူဖို့ သတင်းတွေထွက်လာတာပါ။

မက်ဂွိုင်းရားကိုခေါ်ယူဖို့ ချဲလ်ဆီးဘက်က ပူလီဆစ်နဲ့ အလိုက်ပေးကမ်းလှမ်းသွားမယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အပေါ် ချဲလ်ဆီးပရိသတ်တွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ ချဲလ်ဆီးဟာ ဗဟိုနောက်ခံလူသစ် အလိုရှိနေပြီး ဖိုဖာနာကိုခေါ်ယူဖို့ ကိစ္စကလည်း အဆင်မပြေဖြစ်နေပါတယ်။



အဲ့ဒါကြောင့်လည်း ချဲလ်ဆီးတို့ အခုလိုပဲ ယူနိုက်တက်မှာ အခြေမလှဖြစ်နေတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းရားကို စိတ်ဝင်စားလာတာဖြစ်နိုင်ပါတယ်။ ပူလီဆစ်ကလည်း ချဲလ်ဆီးကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ကလည်း အဆိုပါ အမေရိကန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒီရက်သတ္တပတ်အတွင်းမှာပဲ သတင်းတွေက ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ဒီကနေ့မနက်မှာတင် မက်ဂွိုင်းရားကို ချဲလ်ဆီးတို့ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေကတော့ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါတယ်။ ချဲလ်ဆီးပရိသတ်တွေက “မက်ဂွိုင်းရားကိုသာ ခေါ်မယ်ဆိုရင် တူဟယ်လ်ကို ချက်ချင်းထုတ်ပစ်လိုက်၊ ငါလည်း တော့ဒ်ဘိုလီကို တသက်လုံးကို အားမပေးဘူး” “ကမ္ဘာပေါ်မှာ ကျနော်တို့က ဒါမျိုးကို ကိုယ်တိုင်လုပ်နိုင်တယ်တဲ့လား”

“မက်ဂွိုင်းရားကိုခေါ်ရင်လည်း ဒီအသင်းကို တသက်လုံးအားမပေးတော့ပါဘူး” လို့လည်း မှတ်ချက်မျိုးစုံပေးနေကြပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်ရဲ့ ရာသီအဖွင့် နှစ်ပွဲဆက်တိုက်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ပွဲမှာ ယူနိုက်တက်က ပေးဂိုး (၆) ဂိုးအထိ ပေးခဲ့ရပြီး မက်ဂွိုင်းရားကိုလည်း လီဗာပူးနဲ့ပွဲမှာ ချန်လှပ်ဖို့ ယူနိုက်တက်နည်းပြ တန်ဟက်ခ်က စီစဥ်နေပါတယ်။

ချဲလ်ဆီးပရိသတ်အချို့ကတော့ မက်ဂွိုင်းရားနဲ့ပတ်သက်လို့ အရမ်းကြီးအဆိုးမြင်တာမျိုးမရှိဘဲ မက်ဂွိုင်းရားကို ချဲလ်ဆီးမှာ မြင်တွေ့လိုတဲ့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ မက်ဂွိုင်းရားကို ရောင်းချဖို့၊ ပြောင်းရွှေ့ကြေးအလွတ်နဲ့ပေးလိုက်ဖို့ ပြောဆိုနေကြပါသေးတယ်။ 

Share

Loading Next Article...
က္က