ဝေဖန်မှုတွေခံနေရတဲ့ မက်ဂွိုင်းရားကို ကာကွယ်ပေးခဲ့တာပါ။

ယူနိုက်တက်အသင်းဖော် နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်က မက်ဂွိုင်းရားနဲ့ပတ်သက်လို့ ဝေဖန်နေကြတဲ့သူတွေကို ပြစ်တင်ဝေဖန်လိုက်ပြီး မက်ဂွိုင်းရားဟာ ထိပ်တန်းနောက်ခံလူတယောက်ဖြစ်နေပြီးသားလို့ တုံ့ပြန်လာပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကစားသမားဘဝမှာ အများကြီး စွမ်းဆောင်ပြထားတာကြောင့် မက်ဂွိုင်းရားလိုမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုလာပါတယ်။



ဘရန်ဒန်ဝီလီယံစ်က “မက်ဂွိုင်းရားက ပွဲထွက်ခွင့်ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ၊ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်စေ ရာနှုန်းပြည့် ပေးဆပ်နေပါတယ်။ အပြင်လူတွေ ပြောတဲ့စကားတွေကို ကျနော်တို့ ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်ပြောသလိုပဲ အတွင်းပိုင်းကအမြင်တွေက အရေးကြီးဆုံးဖြစ်တာကြောင့်ပါ။ လေ့ကျင့်ရေးကွင်းမှာ ပုံစံကောင်းပြရင်တောင် တွစ်တာပေါ်က ငကြောင်အချို့က ပွဲထွက်ခွင့်မပေးသင့်ဘူး ပြောနေတာပါ”

“အဲ့ဒီလိုပြောနေတဲ့သူတွေက ဘယ်သူတွေလဲ။ ကျနော်ဖြင့် နားတောင်မလည်နိုင်ပါဘူး။ မက်ဂွိုင်းရားက ထိပ်တန်းကစားသမား၊ ထိပ်တန်းအသင်းခေါင်းဆောင်တယောက်ပါ။ မက်ဂွိုင်းရားက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ဆက်လက်ဖြတ်သန်းနေဦးမှာပါ။ သူက ကျောက်တုံးတွေ အဆင့်ဆင့်တင်ထားတဲ့ အပေါ်မှာရှိနေပါတယ်”

“သူတက်လှမ်းချင်တဲ့ ထိပ်တန်းနေရာကို သူ သွားနိုင်ပါလိမ့်မယ်။ သူက ယူနိုက်တက်အသင်းခေါင်းဆောင်လည်းဖြစ်နေပါပြီ။ မက်ဂွိုင်းရား စွမ်းဆောင်ပြခဲ့သလိုမျိုး တနေနေ့မှာ ကျနော်လည်း စွမ်းဆောင်ပြနိုင်ဖို့ အိပ်မက်မက်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ပြီးခဲ့တဲ့ရာသီတည်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတယောက်ဖြစ်ပါတယ်။

အသင်းဖော်အချင်းချင်းကြားမှာတောင် မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ချဖို့ တောင်းဆိုမှုတွေရှိခဲ့တာပါ။ ဒီရာသီမှာတော့ မက်ဂွိုင်းရားက ပုံမှန်ပွဲထွက်ခွင့်တနေရာကို ဆုံးရှုံးလိုက်ရပြီလည်းဖြစ်ပါတယ်။ လက်ရှိနည်းပြ တန်ဟက်ခ်ဟာ ဗဟိုနောက်ခံလူနေရာအတွက် ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုသာ အရေးကြီးတဲ့ပွဲတွေမှာ ဦးစားပေး အသုံးပြုလျက်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က