အရန်ခုံမှာပဲထားရှိဖို့ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြတန်ဟက်ဂျ်ဟာ အသင်းခေါင်းဆောင်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယားကို အရန်ကစားသမားအဖြစ်နဲ့သာ ကစားစေဖို့အတွက် ဆုံးဖြတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ မက်ဂွိုင်းယားကို အရန်ခုံမှာသာ ထိုင်နေစေခဲ့ကာ ဗာရန်းနဲ့ မာတီနက်ဇ်အတွဲကို အသုံးပြုခဲ့ရာမှာ ထူးရှယ်ခြေစွမ်းပြခဲ့ပြီးနောက် အင်္ဂလန်နောက်ခံလူကို အရန်လူအဖြစ်သာထားဖို့ စဉ်းစားလာတာဖြစ်ပါတယ်။ 

Mirror ရဲ့ ဖော်ပြချက်အရ ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ မက်ဂွိုင်းယားရော အင်္ဂလန်နည်းပြဆောက်ဂိတ်ကပါ ပုံမှန်ကစားခွင့်ရရှိချင်တယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းဖို့အတွက် ၈ ရက်သာလိုတော့ပြီး တကယ်လို့သာ အရန်ကစားသမားအဖြစ်နဲ့ပဲ ရှိနေမယ်ဆိုရင်တော့ အင်္ဂလန်နောက်ခံလူဟာ အသင်းပြောင်းရွှေ့နိုင်တဲ့ပုံစံမှာရှိတယ်လို့လည်း Mirror က ဆိုပါတယ်။ 

လီဗာပူးလ်နဲ့ပွဲမှာ သူပွဲထွက်ခွင့်ရမှာမဟုတ်ဘူးဆိုတာကို ကြာသပတေးနေ့ကတည်းက မက်ဂွိုင်းယားက ကြိုတင်သိထားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဗာရန်းနဲ့ မာတီနက်ဇ်တို့ကလည်း အတွဲအဖက်ညီညီခြေစွမ်းပြခဲ့တဲ့နောက်မှာ တန်ဟက်ဂျ်က ဒါလော့၊ မာလာစီယာတို့နဲ့အတူ လေးယောက်တန်းခံစစ်ကို သူ့ရဲ့အမာခံနောက်တန်းလူတွေအဖြစ် သတ်မှတ်ဖွယ်ရှိကာ ဆောက်သမ်တန်နဲ့ပွဲမှာလည်း အဆိုပါအတိုင်းသာ အသုံးပြုသွားဖို့ရှိနေပါတယ်။ 

အဲရစ်ဘိုင်ယီက မာဆေးလ်ကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်လို့ မက်ဂွိုင်းယားကိုပါ ယူနိုက်တက်က ရောင်းချမယ်ဆိုရင် ဗဟိုခံစစ်အတွက် အရန်လူအင်အားနည်းပါးသွားနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားကတော့ အရန်ခုံမှာသာ သူဆက်ရှိနေဦးမယ်ဆိုရင်တော့ ကမ္ဘာ့ဖလားအတွက် ရည်ရွယ်ကာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ယူဆရကြောင်း Mirror က ဆိုပါတယ်။ 

မက်ဂွိုင်းယားကို ရာသီအဖွင့် ၂ ပွဲကို ပါဝင်ကစားခဲ့ရပမေယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲရှိနေခဲ့သူပါ။ သူ့ကို အရန်ခုံမှာထိုင်ခိုင်းခဲ့တာကို အသင်းပရိသတ်တွေကလည်း ထောက်ခံခဲ့ကြပြီး တန်ဟက်ဂျ်ရဲ့ ဆုံးဖြတ်ချက်မှန်ကန်တယ်လို့လည်း ယူဆခဲ့ကြပါတယ်။ 

Share

က္က