ပထမဆုံးချန်ပီယံလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယူနိုက်တက်က မက်ဂွိုင်းရားရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပါတယ်။



ဒါပေမယ့်လည်း ယူနိုက်တက်ရဲ့ ကစားပုံက စိတ်ပျက်ဖွယ်အတိဖြစ်ခဲ့ပြီး ကျေနပ်အားရစရာ မရှိခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့တာကြောင့်လည်း ယူနိုက်တက်အတွက် ဒီနိုင်ပွဲက သေရေးရှင်ရေးတမျှ အရေးကြီးခဲ့ပါတယ်။
တန်ဟက်ခ်က ဒီပွဲမှာ အိုနာနာ၊ မက်ဂွိုင်းရား၊ ဗာရန်း၊ ဒါလော့၊ ရီဂွယ်လွန်၊ အမ်မရာဘတ်၊ တွမ်မီနေး၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ အန်တိုနီ၊​ ဟို့ဂျ်လန်းတို့ကို ပွဲထုတ်ခဲ့တာပါ။ အသင်းရဲ့ ကစားပုံက အားရစရာ ဘာမှမရှိခဲ့ဘဲ ကိုပင်ဟေဂင်ကတောင် ပိုကောင်းတဲ့ ပုံစံတစ်ရပ်ကို ပြသနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ တန်ဟက်ခ်က အသင်းရဲ့ ကစားသမားတွေကို တောက်လျှောက် အပြောင်းအလဲလုပ်ခဲ့ပြီး ဂါနာချို၊ အဲရစ်ဆင်၊ လင်ဒီလော့ဖ်တို့ လူစားဝင်ကစားခဲ့ပါတယ်။ ပွဲကစားချိန် (၇၂) မိနစ်မှာတော့ အဲရစ်ဆင်ရဲ့ ဖြတ်တင်ဘောကတစ်ဆင့် မက်ဂွိုင်းရားက ခေါင်းတိုက်​ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒီသွင်းဂိုးက ယူနိုက်တက်အတွက် အဖိုးတန်ခဲ့ပြီး ဒီပွဲရဲ့ တစ်လုံးတည်းသောသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီထက် ပိုမိုအရေးကြီးခဲ့တာကတော့ အိုနာနာရဲ့ ပင်နယ်တီကာကွယ်မှုဖြစ်ပြီး ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုမှာ အိုနာနာက ကိုပင်ဟေဂင်ရဲ့ ပင်နယ်တီကို ကာကွယ်ကာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်နိုင်ပွဲကို ဖော်ဆောင်ပေးခဲ့ကြပါတယ်။

Share

Loading Next Article...
က္က