မက်ဂွိုင်းရားရဲ့ အသင်းခေါင်းဆောင်ရာထူးအတွက် ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က လာမယ့်ရာသီ အသင်းခေါင်းဆောင်အဖြစ် မက်ဂွိုင်းရား ဆက်လက်ရှိနေမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ လက်ရှိအချိန်မှာ တန်ဟက်ခ်က မနက်ဖြန်ကစားမယ့် လီဗာပူးနဲ့ ရာသီကြိုခြေစမ်းပွဲအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်လျက်ရှိပါတယ်။



ဒီသတင်းစာရှင်းလင်းပွဲမှာ လာမယ့်ရာသီ အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်လို့ တန်ဟက်ခ်က အခုလိုပဲ အတည်ပြုခဲပါတယ်။ “မက်ဂွိုင်းရားက အသင်းခေါင်းဆောင်တယောက်ပါ။ ကျနော့်အနေနဲ့ ကစားသမားတွေအကြောင်းကို သိရမှာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားကတော့ သက်သေပြပြီးသား အသင်းခေါင်းဆောင်ပါ”

“နောက်ပြီး သူက အောင်မြင်မှုအများအပြားကိုလည်း ဆွတ်ခူးထားပါတယ်” လို့ တန်ဟက်ခ်က အတည်ပြုလိုက်ပါတယ်။ မက်ဂွိုင်းရားဟာ ဆိုးလ်ရှားလက်ထက်မှာ အသင်းခေါင်းဆောင်ဖြစ်လာခဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့ အမှားအယွင်းများတဲ့ ခြေစွမ်းတွေကြောင့် တန်ဟက်ခ်လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးရမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

မက်ဂွိုင်းရားဆီက အသင်းခေါင်းဆောင်လက်ပတ်ကို ရော်နယ်ဒိုက လွှဲပြောင်းရယူမယ်လို့လည်း သတင်းထွက်ခဲ့ပြီး ပြီးခဲ့တဲ့ ရန်းနစ်ဂ်လက်ထက်မှာတည်းက အသင်းခေါင်းဆောင်အပြောင်းအလဲလုပ်ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ရော်နယ်ဒိုက အသင်းကနေ ထွက်ခွာခွင့်တောင်းခံထားပြီး တန်ဟက်ခ်ကလည်း မက်ဂွိုင်းရားကိုသာ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ထားရှိဖို့ ဆုံးဖြတ်လိုက်တာပါ။

ယူနိုက်တက်ဟာ မနက်ဖြန်မှာ လီဗာပူးနဲ့ ဘန်ကောက်မြို့မှာ ခြေစမ်းပွဲကစားပြီးရင် ဗုဒ္ဓဟူးနေ့မှာ သြစတြေးလျနိုင်ငံကို ခရီးဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ သြစတြေးလျမှာတော့ မဲလ်ဘုန်းဗစ်ထရီ၊ အက်စတွန်ဗီလာ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က