ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမစခင် ဖြစ်ပွားခဲ့တာပါ။

လီဗာပူးကစားသမားတွေဖြစ်ကြတဲ့ ဆာလာနဲ့အာနိုးလ်တို့ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ ပွဲမတိုင်ခင်မှာ ဟာသဆန်ဆန် ဖြစ်ရပ် ဖြစ်ပွားခဲ့ကြပါတယ်။ ပြိုင်ဘက်ကစားသမားတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လီဗာပူးကစားသမားတွေ တန်းစီပြီး ထွက်သွားချိန်မှာ အာနိုးလ်နဲ့ ဆာလာတို့ ကျန်ရစ်ခဲ့တာပါ။



ပုံမှန်အားဖြင့် ဒီလိုမျိုး တန်းစီပြီးတဲ့နောက် ပြိုင်ဘက်ကစားသမားတွေက ပုံမှန်အတိုင်း မတ်တပ်ရပ်နေပြီး အိမ်ရှင်အသင်းသားတွေက ပြိုင်ဘက်ကစားသမားတွေကို လိုက်လံလက်ဆွဲနှုတ်ဆက်ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုဖြစ်ရပ်မှာတော့ အာနိုးလ်နဲ့ ဆာလာတို့ နှစ်ယောက်လုံးက အန်ဖီးလ်မှာ ကစားရမှာကို မေ့သွားခဲ့ပုံရပါတယ်။

အသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာက လက်ဆွဲနှုတ်ဆက်ဖို့ လမ်းစလျှောက်တဲ့အချိန်မှာ ကျန်တဲ့ လီဗာပူးကစားသမား ကိုးယောက်လုံးက အသီးသီး လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမယ့် အာနိုးလ်ရော၊ ဆာလာရောနှစ်ယောက်လုံးက နောက်ဆုံးမှာရှိတဲ့ ဒါဝင်နူးနက်ဇ် ထွက်သွားတာကို အာရုံမစိုက်မိခဲ့ကြပါဘူး။ အဲ့ဒီနောက်မှာမှ ဆာလာက အာနိုးလ်ကို သတိပေးခဲ့ရပြီး အာနိုးလ်တယောက် အပြေးအလွှား လိုက်ခဲ့ရတာဖြစ်ပါတယ်။



ဒီဖြစ်ရပ်အပေါ် ပရိသတ်တွေက “အာနိုးလ်က လုံးဝကို အာရုံမရှိတာ အံ့အားသင့်စရာပါ” “အာနိုးလ်တယောက် ဘာတွေအာရုံစိုက်နေလဲမသိပါဘူး” “သူတို့ စိတ်ထဲမှာ ‘ညီအကိုရေ... ငါတို့ မာနေးမရှိဘဲ ဘယ်လိုအနိုင်ယူရမလဲ’ လို့ စဥ်စားနေပုံပဲ” လို့ အသီးသီး နောက်ပြောင်ဝေဖန်ခဲ့ကြပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားကလည်း ဘရိုက်တန်နဲ့ ဒီရာသီအဖွင့်ပွဲမှာ ဥမင်လိုဏ်ခေါင်းအတွင်း တန်းစီတဲ့နေရာမှာ မှားယွင်းပြီး မတ်တပ်ရပ်နေခဲ့တာကြောင့် ဒီဂီယာက သတိပေးခဲ့ရပါသေးတယ်။ ဒီဖြစ်ရပ်အပေါ်မှာလည်း ယူနိုက်တက်ပရိသတ်တွေက အသင်းခေါင်းဆောင်တယောက်အနေနဲ့ ဒါမျိုးမဖြစ်သင့်ကြောင်း ဝေဖန်ပြောကြားခဲ့ပါသေးတယ်။ 

Share

က္က