မက်ဆီကို အနားယူခိုင်းနေကြတာလားလို့လည်း မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။

အာဂျင်တီးနားနည်းပြ စကာလိုနီက မက်ဆီ အနားယူမယ့်ကိစ္စနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်အထိ အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် အားကိုးနေရဆဲပါ။



ပီရူးကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း မက်ဆီက အသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲခဲ့ပြီးကတည်းက လက်ရွေးစင်အသင်းကနေ အနားယူဖို့ သတင်းထွက်ခဲ့တာပါ။
ဒါပေမယ့် လက်ရှိအချိန်အထိတော့ မက်ဆီက သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝကိုရော၊ ကလပ်ကစားသမားဘဝကိုပါ ရပ်တန့်ဖို့ အစီအစဉ် မရှိသေးပါဘူး။ စကာလိုနီကလည်း “အခုချိန်မှာ မက်ဆီ ကျွန်တော်တို့နဲ့အတူ ရှိနေတာကိုပဲ စိတ်ထဲထားရအောင်ဗျာ။ သူ ဘယ်အချိန် နားမလဲ ဆိုတာမျိုးထက်ပေါ့”
“အမှန်တရားကတော့ သူ အခုချိန်အထိ ကစားပေးနေဆဲဖြစ်ပြီး သူ့ကို အေးဆေးနေခွင့်ပေးလိုက်ပါ။ ကျွန်တော်တို့က သူ့ကို အနားယူခိုင်းနေရမှာလား? တတ်နိုင်သလောက် သူ ဆက်ကစားဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူတိုင်းက ကွင်းထဲမှာ သူ့ကိုမြင်ရတာ ပျော်ရွှင်ကြပါတယ်။ သူအားလပ်ရက်ရတာကလည်း ကျွန်တော်တို့အတွက် အနှောင့်အယှက်မဖြစ်ပါဘူး”
“ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်း လာမယ့်မတ်လအထိ ပွဲကစားစရာ မရှိဘူးလေ။ သူ အင်တာမိုင်ယာမီနဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေကို ပြုလုပ်ပါလိမ့်မယ်။ ဒါက ဘာမှ စိုးရိမ်စရာမရှိပါဘူး။ အရေးကြီးတာက မက်ဆီ ကျန်းမာနေဖို့၊ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က