လာဘ်ထိုးခဲ့တယ်လို့ သတင်းထွက်ပေါ်နေတာပါ။

ပီအက်စ်ဂျီတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်မှာ မက်ဆီ ဘလွန်းဒီအော်ဆု ရရှိရေး နောက်ကွယ်ကနေ သွယ်ဝိုက် ပံ့ပိုးကူညီခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို ပီအက်စ်ဂျီဘက်က ငြင်းဆန်လိုက်ပါတယ်။



ပီအက်စ်ဂျီတာဝန်ရှိသူတွေဟာ အဲ့ဒီအချိန်မှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ် ဖာရီကို လာဘ်ထိုးမှုတွေ ပြုလုပ်ခဲ့ပြီး မျက်နှာသာပေးမှုတွေရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ ပီအက်စ်ဂျီဘက်က ဖာရီအတွက် ဘောလုံးပွဲလက်မှတ်တွေ၊ Business Class အဆင့်ရှိတဲ့ လေယာဉ်လက်မှတ်တွေကို (၂၀၂၀) နဲ့ (၂၀၂၁) ခုနှစ်တို့မှာ စီစဉ်ပေးခဲ့တာပါ။

အဲ့ဒီအချိန်တုန်းကလည်း ဖာရီက အဆိုပါမဂ္ဂဇင်းရဲ့ အကြီးအကဲအဖြစ် တာဝန်ယူနေဆဲအချိန်ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီဘက်က မက်ဆီအတွက် အခုလိုမျိုးတွေ စီစဉ်ပေးခဲ့တာလို့ သတင်းတွေက ဖော်ပြလာခဲ့တာပါ။

ဒါ့အပြင် ဖာရီက အခုချိန်မှာ ပီအက်စ်ဂျီရဲ့ သတင်းနဲ့မီဒီယာဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေတာကြောင့် ပိုပြီး သံသယဝင်စရာကောင်းလာပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆန်ခဲ့ပါတယ်။

(၂၀၂၁) မတိုင်ခင် ရှေ့ (၂၀၂၀) မှာ ကိုဗစ်ကြောင့် ဘလွန်းဒီအော်ဆုပေးပွဲကို မကျင်းပနိုင်ခဲ့ဘဲ အဲ့ဒီနှစ်က ရသင့်တဲ့ လီဝန်ဒေါစကီးအတွက်လည်း နစ်နာခဲ့ရပါတယ်။ (၂၀၂၁) ဘလွန်းဒီအော်ဆုပေေးပွဲမှာတော့ မက်ဆီက ဆုရရှိချိန်မှာ လီဝန်ဒေါစကီးရဲ့ နာမည်ကို ထုတ်ဖော်ပြောကြားပြီး လီဝန်ဒေါစကီးက ဘလွန်းဒီအော်ဆုနဲ့ ထိုက်တန်သူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က