ပိုချက်တီနိုက မက်ဆီ ဘလွန်းဒီအော်ရမယ်ပြောလို့ နေမာနဲ့အမ်ဘာပေက သူ့ကိုမေးခွန်းလာထုတ်နေတာပါ။

PSG နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ (၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုကို မက်ဆီကပဲ ဆွတ်ခူးသွားမယ်လို့ ပြောကြားခဲ့တဲ့နောက် သူ့အပေါ် နေမာနဲ့အမ်ဘာပေတို့က မေးခွန်းထုတ်နေတယ်လို့ ကိုယ်တိုင်ဖွင့်ဟပြောကြားလာပါတယ်။



(၂၀၂၁) ဘလွန်းဒီအော်အတွက် ဆန်ခါတင်ကစားသမားစာရင်း ထွက်ပေါ်လာပြီး မကြာခင်မှာတင် ပိုချက်တီနိုက မက်ဆီနဲ့ပတ်သက်လို့ “ကျွန်တော် မက်ဆီရဲ့နည်းပြမို့လို့ ဒီလိုပြောတာမဟုတ်ပါဘူး။ မက်ဆီက ဘလွန်းဒီအော်ဆုကို ဘာသံသယမှမရှိဘဲ ရသင့်ပါတယ်။ ကျွန်တော့်နှလုံးသားနဲ့ ရင်းပြီး ဒီအကြောင်းကိုပြောခဲ့တာပါ”

“ကျွန်တော်က ကျွန်တော်ခံစားရတာကိုပဲ ပြောပါတယ်။ မက်ဆီရဲ့နောက်မှာတော့ လီဝန်ဒေါစကီးနဲ့ ရော်နယ်ဒိုတို့ရှိနေပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။ ပိုချက်တီနိုပြောကြားခဲ့တဲ့ နောက်ဆုံးကစားသမား (၃) ယောက်ထဲမှာ နေမာ၊ုင်ဖေတသမားတေးကို လ--------- သူ့ရဲ့တပည့်ကျော်တွေဖြစ်တဲ့ နေမာရော၊ အမ်ဘာပေရော မပါဝင်ခဲ့ပါဘူး။

အဲ့ဒီလိုအခြေအနေမျိုးနဲ့ပတ်သက်လို့ ပိုချက်တီနိုက ပြီးခဲ့တဲ့တနင်္ဂနွေ၊ မာဆေးလ်နဲ့သရေကျခဲ့တဲ့ ပွဲအပြီးမှာ အခုလိုပြောကြားခဲ့ပါတယ်။ ပိုချက်တီနိုက “ကျွန်တော်က မက်ဆီကို ဘလွန်းဒီအော်ရမယ်ပြောလိုက်လို့ ပြဿနာတက်သွားပါသေးတယ်။ နေမာနဲ့ အမ်ဘာပေက ကျွန်တော့်ဆီလာပြီး ဘာလို့ သူတို့ရမယ်မပြောတာလဲဆိုပြီးတော့ပေါ့”

“ဘာပဲဖြစ်ဖြစ် ပဲရစ်မြို့က ဘယ်ကစားသမားပဲရရ၊ ဒါက ကြီးကျယ်ခမ်းနားတဲ့ကိစ္စပဲလေ။ မဟုတ်ဘူးလား။ ဒါပေမယ့် မက်ဆီကတော့ ဘလွန်းဒီအော်နဲ့ ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်ထိ PSG အတွက် လိဂ်သွင်းဂိုး တစ်ဂိုးမှသွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမယ့် ချန်ပီယံလိဂ်မှာတော့ မက်ဆီက မန်စီးတီး၊ လိုက်ပ်ဇစ်တို့ကို အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ အသင်းအတွက် (၂) ပွဲပေါင်း (၃) ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ လိုက်ပ်ဇစ်ကို နိုင်ခဲ့တဲ့ပွဲမှာလည်း နောက်ဆုံးမိနစ် ပင်နယ်တီရရှိခဲ့သေးပေမယ့် မက်ဆီကတော့ ဟက်ထရစ်ယူမယ့်အစား အမ်ဘာပေကို ပေးကန်ခဲ့ပါတယ်။ ဒါပေမယ့် အမ်ဘာပေရဲ့ကန်ချက်ကတော့ မိုးပေါ်ထောင်တက်သွားခဲ့ပြီး PSG ကလည်း လိုက်ပ်ဇစ်ကို ၃-၂ ဂိုးနဲ့သာ အနိုင်ရရှိခဲ့ပါတယ်။ 

Share

က္က