အောင်ပွဲခံနေချိန် အမိုးဖွင့်ကားပေါ်မှာ မက်ဆီက ပြန်ထိုင်ခိုင်းခဲ့တာပါ။

ကွင်းတွင်း၊ကွင်းပြင်မှာ မက်ဆီရဲ့ဘေးနား အရိပ်လိုတကောက်ကောက်လိုက်နေခ​ဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူဒီပေါလ်ဟာ အသင်းအောင်ပွဲခံချိန်မှာလည်း အမိုးဖွင့်ကားပေါ် မက်ဆီနားအတူတူရှိနေခဲ့ပြန်ပါတယ်။ ဗြူနိုအေရိစ်မြို့အတွင်း လှည့်လည်အောင်ပွဲခံနေခဲ့တာဖြစ်ပြီး ဒီပေါလ်တယောက် ရေလည်သောင်းကျန်းနေခဲ့ကာ ပရိသတ်တွေနဲ့ အပေးအယူမျှတပြီး ပျော်မြူးနေခဲ့ပါတယ်။ 

ပရိသတ်ပေါင်း ၄ သန်းအထိ မြို့ထဲလမ်းမတွေပေါ်မှာရှိနေခဲ့လို့ အာဂျင်တီးနားရဲ့ အောင်ပွဲခံအမိုးဖွင့်ကားဟာ လူပင်လယ်ကြီးအတွင်းကနေ တရွေ့ရွေ့နဲ့သာ ထွက်ခဲ့ရပါတယ်။ ဒီပေါလ်တယောက် ကားအမိုးပေါ် မတ်တပ်ရပ်အောင်ပွဲခံချိန်နဲ့ ကားအထွက်မှာ တချက်ယိမ်းယိုင်သွားပြီး ဟန်ချက်ပြန်ထိန်းနိုင်ခဲ့လို့ လဲကျတာမျိုးတော့ မဖြစ်ခဲ့ပါဘူး။ 



ဒီအချိန်မှာ မက်ဆီက ဒီပေါလ်ကို တချက်မော့ကြည့်ပြီး စကားနည်းနည်းပြောကာ ခေါင်းတချက်ညိတ်ပြလိုက်ချိန်မှာ ဒီပေါလ်တယောက် ချက်ချင်းပဲ မက်ဆီဘေးနားကို ဝင်ထိုင်ခဲ့ပါတော့တယ်။ ဒီပေါလ်ကို အန္တရာယ်ဖြစ်မှာစိုးလို့ မတ်တပ်မရပ်ဖို့ မက်ဆီက ပြောကြားခဲ့တယ်လို့ ယူဆရပြီး မင်းထိုင်တော့လို့ အမူအယာပါ ပြသခဲ့ကာ ဒီပေါလ်က မက်ဆီပြောစကားကို နားထောင်ခဲ့တယ်လို့ ESPN က ဆိုပါတယ်။ 



မက်ဆီအတွက်ဆိုရင် အကောင်းဆုံးကစားပေးမယ်လို့ ပြောဆိုခဲ့ဖူးပြီး တကယ်လည်းပဲ မက်ဆီဘေးနားမှာ အမြဲတမ်းရှိနေခဲ့တဲ့ ဒီပေါလ်တယောက် သူ့အသင်းခေါင်းဆောင်​ ပြောသမျှကို နားထောင်တာလည်း တွေ့လိုက်ရတာပါ။ မက်ဆီက ထိုင်တော့ဆိုတဲ့အချိန်မှာ ကခုန်အောင်ပွဲခံနေတဲ့ ဒီပေါလ်တယောက် ငြိမ်ချက်သားပါကောင်းသွားခဲ့တာပါ။ 


အာဂျင်တီးနားကစားသမားတွေရဲ့ မက်ဆီအပေါ် အလေးထားမှုနဲ့ မက်ဆီရဲ့ ဩဇာကြီးမားမှုက တကယ်ကို အံ့အားသင့်စရာကောင်းနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က