အာဂျင်တီးနားဂိုးနည်းပြ မာတင် တိုကယ်လီက လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်တာ မြင်ရတာက ဆန်တာကလော့စ် ရောက်လာတာကို မြင်လိုက်ရတဲ့ ကလေးတစ်ယောက်အတိုင်းပဲလို့ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။

အာဂျင်တီးနားဂိုးနည်းပြက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရရှိလိုက်တာက ဘဝမှာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး အာဂျင်တီးနားအသင်းဟာ ၃၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားကို ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဗိုလ်လုပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ ပင်နယ်တီအဆုံးအဖြတ်မှာ ပြင်သစ်ကို အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားကို တောင်အမေရိကကို ပြန်လည်ယူဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

 

အာဂျင်တီးနားဂိုးနည်းပြ တိုကယ်လီက လီယွန်နယ် မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်တာ မြင်ရတာက ကလေးတစ်ယောက်က ဆန်တာ ကလော့စ် ရောက်လာတာကို မြင်တွေ့လိုက်ရသလိုပဲလို့ ပြောဆိုခဲ့ပါတယ်။

 

“ခင်ဗျား မက်ဆီ ကမ္ဘာ့ဖလားကိုင်မြှောက်နေတဲ့ပုံနဲ့ နှိုင်းယှဉ်လို့ရတဲ့ပုံကို ရှာဖွေမယ်ဆိုရင် ခင်ဗျားကို ပြောပြမယ်။ ကလေးတစ်ယောက်က သူ့တသက်လုံး မျှော်လင့်ခဲ့ရတဲ့ ဆန်တာ ကလော့စ် ရောက်လာတာကို မြင်တွေ့လိုက်ရသလိုပဲ။ လီယိုရဲ့ အပြုံးက ကျွန်တော့်ကို အပျော်တွေ ယူဆောင်ပေးခဲ့တယ်။ ဒီလို ကမ္ဘာနဲ့ ချီတဲ့ ဆုဖလားက စိတ်ခံစားမှုအပိုင်းမှာ ဘယ်လို အရာမျိုးနဲ့မှ နှိုင်းယှဉ်လို့မရနိုင်ပါဘူး ”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က