အင်တာမိုင်ယာမီ ကြယ်ပွင့် ကစားသမား မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပေမယ့် အဲ့ဒီအချိန်က သူ့ရဲ့ မိခင်ကလပ် ပီအက်စ်ဂျီကနေ ဘယ်လိုမျိုး ဂုဏ်ပြုမှုကိုမှ မရရှိခဲ့ကြောင်း သိရှိရပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့တာပါ။
ဒါဟာ မက်ဆီအတွက် ပထမဆုံးသော ကမ္ဘာ့ဖလားဖြစ်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝအတွက် လိုအပ်နေတဲ့ တစ်ခုတည်းသော အရေးပါတဲ့ ဆုဖလားအိပ်မက်တွေ ပြည့်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကတော့ မက်ဆီရဲ့ ကစားသမားဘဝအတွက် အရေးပါတဲ့ အောင်မြင်မှုကို ဂုဏ်ပြုခဲ့ခြင်း မရှိပါဘူး။
မက်ဆီက “ကျွန်တော့်ရဲ့ အခြားသော နိုင်ငံလက်ရွေးစင် အသင်းဖော် (၂၅) ယောက်နဲ့ ယှဉ်လိုက်ရင် ကျွန်တော်က ကလပ်အသင်းထံကနေ ဘယ်လိုမျိုး ဂုဏ်ပြုမှုကိုမှ မရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားပါ” လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ မက်ဆီကို ဂုဏ်ပြုခဲ့တာက ပီအက်စ်ဂျီ အသင်းဖော်တွေသာရှိခဲ့ပြီး ထိပ်သီးပိုင်း တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။
ဒါဟာ အမ်ဘာပေနဲ့ မက်ဆီအကြား ပီအက်စ်ဂျီမှာ အားပြိုင်မှုကြီးထွားနေတာ၊ မက်ဆီရဲ့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ရရှိပြီး ကမ္ဘာ့ဖလားရသွားခဲ့တာတွေကြောင့် ပီအက်စ်ဂျီတာဝန်ရှိသူတွေဘက်က အခုလိုမျိုး မက်ဆီရဲ့ အောင်မြင်မှုကို မျက်ကွယ်ပြုခဲ့ဟန်ရှိပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီကို မပြောင်းရွှေ့ခင်က လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်း ယှဉ်လာခဲ့ရင် လက်ရွေးစင်အသင်းကိုသာ ဦးစားပေးမယ်ဆိုတဲ့ သဘောတူညီချက်ရှိခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ ပီအက်စ်ဂျီဘက်က မက်ဆီကို ဂုဏ်မပြုခဲ့တာကလည်း အခုလိုမျိုး ကိစ္စရပ်တွေနဲ့ ပတ်သက်နေနိုင်ကြောင်း သုံးသပ်နေကြပါတယ်။