ရော်နယ်လ်ဒိုကိုပဲ အမြဲတမ်းရွေးချယ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူးဟောင်း ရုဒ် ဗန် နစ္စတယ်ရွိုင်းက GOAT အငြင်းအခုံမှာ လီယွန်နယ် မက်ဆီထက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဘာကြောင့် ရွေးချယ်ဦးမှာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၎င်းတို့ရဲ့ မျိုးဆက်မှာ အကောင်းဆုံးကစားသမား ၂ ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆယ်စုနှစ် ၂ ခုနီးပါးကြာ အဓိကဆုဖလားတွေနဲ့ တစ်ဦးချင်းဆုတံဆိပ်တွေအတွက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ဘောလုံးသမိုင်းမှာ ဘလွန်ဒေါဆုကို ၇ ကြိမ်အထိ အများဆုံး ရရှိထားတဲ့ စံချိန်ကို ပိုင်ဆိုင်ထားပြီး ရော်နယ်လ်ဒိုကတော့ ၅ ကြိမ်နဲ့ ဒုတိယအများဆုံး ရရှိထားတဲ့ ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ၂ ဦးစလုံးဟာ ကလပ်ဘောလုံးအဆင့်မှာ ဆုဖလားအားလုံးကို ဆွတ်ခူးထားနိုင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ အောင်ပွဲရရှိခဲ့ပြီးနောက် နိုင်ငံတကာအဆင့်မှာ ပိုမိုအသာစီးရရှိထားခဲ့တာဖြစ်ပါတယ်။

 

ရော်နယ်လ်ဒိုဟာ ယူရို ၂၀၁၆ ပြိုင်ပွဲတုန်းက ပေါ်တူဂီအသင်းနဲ့အတူ ဗိုလ်စွဲခဲ့ပေမယ့်လည်း ဘောလုံးလောကရဲ့ အကြီးမားဆုံးဆုဖလားကြီးဖြစ်တဲ့ ကမ္ဘာ့ဖလားကို ဘယ်တုန်းကမှ မရရှိခဲ့ဖူးတာဖြစ်ပြီး လက်ရှိမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် ကြိုးစားခွင့်ရဖို့လည်း မဖြစ်နိုင်သလောက်ဖြစ်နေပြီဖြစ်ပါတယ်။

 

အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလား ရရှိခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် နစ္စတယ်ရွိုင်းက GOAT အငြင်းအခုံမှာ ၎င်းရဲ့ အသင်းဖော်ဟောင်းအပေါ် သစ္စာရှိမှုကြောင့် ရော်နယ်လ်ဒိုကိုပဲ အမြဲတမ်းရွေးချယ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အမြဲတမ်း ခရစ္စတီယာနို ရော်နယ်လ်ဒိုလို့ပဲ ပြောမှာပါ။ ဘာလို့လဲဆိုတော့ သူနဲ့ အရင်တုန်းက အတူတူကစားခဲ့ဖူးလို့ပါ”လို့ The Overlap မှာ ဂယ်ရီ နဗီးကို ပြောကြားခဲ့ပါတယ်။

 

နယ်သာလန်ဂန္တဝင်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိက်တက်အတွက် ၂၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၅၀ သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က