နိုင်ငံတကာပွဲစဉ်တွေကြောင့် မက်ဆီကို လက်လွှတ်ထားရမှာပါ။

အင်တာမိုင်ယာမီကတော့ မက်ဆီမပါဝင်ဘဲ ကစားရဖွယ်ရှိတဲ့ အခြေအနေကြောင့် အခက်တွေ့စရာတွေ ဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါတယ်။ မက်ဆီဟာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းအတွက် ပွဲတိုင်းပါဝင်ကစားပေးထာပြီး ပွဲတိုင်းအနိုင်ရရှိခဲ့ကာ သူ့ရဲ့ သွင်းဂီုးတွေနဲ့ နိုင်ပွဲရအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။ 

မက်ဆီရောက်လာပြီးနောက် အင်တာမိုင်ယာမီဟာ လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို US Open Cup ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ မေဂျာလိဂ်မှာလည်း ရှုံးပွဲဆက်ပြီး နိုင်ပွဲပျောက်နေတဲ့ အင်တာမိုင်ယာမီက ပြီးခဲ့တဲ့ပွဲမှာ အနိုင်ရရှိထားခဲ့ကာ တောက်လျှောက် ရလဒ်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ 

မက်ဆီအနေနဲ့ လာမယ့်လအတွင်း ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အာဂျင်တီးနားက ရွေးချယ်ခေါ်ယူခဲ့အခါမှာ အင်တာမိုင်ယာမီအတွက် ကစားပေးနိုင်မှာမဟုတ်ပါဘူး။ အဆိုပါကာလအတွင်း ဥရောပလိဂ်ပွဲတွေကို ရပ်နားထားပေမယ့် မေဂျာလိဂ်ကတော့ ဆက်လက်ကစားမှာဖြစ်လို့ အင်တာမိုင်ယာမီဟာ မက်ဆီမပါဝင်ဘဲ အနည်းဆုံး ၃ ပွဲခန့် ကစားရမှာပါ။ 

အင်တာမိုင်ယာမီနည်းပြ မာတီနိုက "အရေးကြီးတာက သူမပါဝင်ချိန်မှာ ကျနော်တို့ အနိုင်ကစားပြီး ဒါကို ကျင့်သားရဖို့အတွက် ကြိုးစားရမှာပါ၊ လီယိုက အနည်းဆုံး ၃ပွဲလောက်လွဲချော်မှာပါ၊ သူရဲ့ လက်ရွေးစင်အသင်းက ခေါ်ယူတာကို ခံရမှာဖြစ်ပြီး တခြားကစားသမားတ​ွေလည်း ပါပါလိမ့်မယ်၊ တခါတလေမှာ သူတို့မပါဘဲ အသင်းက အနိုင်ရဖို့ ဆက်လုပ်ရမယ်ဆိုတာကို ကျန​ော်တို့ သိပါတယ်" လို့ USA Today ကို ပြောဆိုခဲ့ပါတယ်။ 

အာဂျင်တီးနားဟာ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဂျပန်နဲ့ ကစားရမှာဖြစ်ပြီး အင်တာမိုင်ယာမီကတော့ ၂၁ ရက်နေ့မှာ တိုရွန်တို၊ ၂၅ ရက်နေ့မှာ အော်လန်ဒိုစီးတီး၊ ၂၇ ရက်နေ့မှာ ဟူစတန်ဒိုင်နမိုတို့နဲ့ ကစားရမှာဖြစ်ကာ မက်ဆီက အဆိုပါ ၃ပွဲကို လွဲချော်နိုင်တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က