၃ ဦးပေါင်းထက် ၁ ဂိုးအသာစီးရရှိနေတာပါ။

မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မိုနာကိုနဲ့ လက်ရှိချန်ပီယံလိုင်လီတို့ တစ်ဖက်နှစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။ လိုင်လီအတွက် တိုက်စစ်မှူးဂျိုနသန်ဒေးဗစ်တစ်ဦးတည်းက ၂ ဂိုးသွင်းယူကာ ဦးဆောင်ပေးခဲ့ပေမယ့် မိုနာကိုက ပြန်လည်ချေပနိုင်ခဲ့ကာ အိမ်ကွင်းမှာအဖိုးတန်သရေတစ်မှတ်ရရှိခဲ့ပြီး လိုင်လီကတော့ အနိုင်သုံးမှတ်ကို လက်လွှတ်ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ဂျိုနသန်ဒေးဗစ်အတွက်တော့ လီဂူးမှာ သွင်းဂိုး ၁၀ ဂိုးအထိ ပြည့်မြောက်သွားခဲ့ပြီဖြစ်ကာ ၁၄ ပွဲကစားအပြီး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ၃ဦးဖြစ်တဲ့ မက်ဆီ၊နေမာ၊ဘတ်ပီတို့ ၃ ဦးပေါင်းရဲ့ စုစုပေါင်းလိဂ်သွင်းဂိုးထက် ပိုမိုများပြားနေတာဖြစ်ပြီး အကျော်အမော်တိုက်စစ် ၃ဦးကတော့ ၉ ဂိုးသာ ရရှိထားတာဖြစ်ပါတယ်။ 

အသက် ၂၁ နှစ်သာရှိသေးတဲ့ ကနေဒါတိုက်စစ်မှူးဟာ လိုင်လီအတွက် ပြီးခဲ့တဲ့ရာသီက လီဂူးသွင်းဂိုး ၁၃ ဂိုးသာရရှိခဲ့ပေမယ့် ဒီရာသီမှာတော့ ၁၄ ပွဲသာ ကစားပေးရပြီးချိန်မှာ ၁၀ ဂိုးရရှိထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းက အံ့မခန်းတိုးတက်လာခဲ့တာကို အထင်အရှားမြင်တွေ့ခဲ့ရပြီး သိပ်မကြာခင်မှာ​ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်လာဖွယ်ရာရှိနေပါတယ်။ 

ဘရွတ်ကလင်းမှာမွေးဖွားခဲ့ပေမယ့် လက်ရွေးစင်အသင်းကိုတော့ ကနေဒါအတွက်ကစားပေးဖို့ရွေးချယ်ခဲ့သူဖြစ်ပြီး ၂၄ ပွဲကစားအပြီးမှာ ၁၈ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ ဘယ်လ်ဂျီယံကလပ် ဂျန့်တ်အတွက် ပွဲပေါင်း ၆၀ ကစားအပြီး ဂိုး ၃၀ သွင်းယူနိုင်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ရာသီမှာ လိုင်လီက ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၃၀ အထိ ပေးချေခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က