ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်ထားပြီး ဆွေးနွေးနေပြီဖြစ်ပါတယ်။

ပြင်သစ်အင်အားကြီးကလပ်ပီအက်စ်ဂျီဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားရဲ့အေးဂျင့်ကို ဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ နည်းပြဟောင်းပိုချက်တီနိုရှိနေချိန်ကတည်းက ရက်ရှ်ဖို့ဒ်ကို ပီအက်စ်ဂျီက စိတ်ဝင်စားနေခဲ့ပြီး အခုအခါ အမှန်တကယ်လှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။ 



ပီအက်စ်ဂျီနည်းပြဂဲလ်တီယာကလည်း သူတို့အသင်းက တိုက်စစ်မှူးတဦးရှာနေတယ်လို့ အတည်ပြုထားခဲ့ပြီး အီကာဒီကို ရောင်းထုတ်ဖို့ကြိုးစားနေတယ်လို့ မနေ့ကပဲ ဝန်ခံပြောဆိုခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်တွေဟာ ပဲရစ်ကိုရောက်ရှိနေတယ်လို့ ယူဆရပြီး ပီအက်စ်ဂျီအကြီးအကဲတွေနဲ့ တွေ့ဆုံနေတယ်လို့လည်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ခြေစွမ်းမပြနိုင်ခဲ့သလို ဒီရာသီပထမဆုံးပွဲမှာလည်း ခြေစွမ်းပျောက်ဆုံးနေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတချို့မှာ အသင်းရဲ့ အဓိကအားထားရသူတဦးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်ခြေစွမ်းပြန်ရဖို့ကို ရုန်းကန်နေရပြီး အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ရရှိနေကာ ကစားသမားကိုယ်တိုင်လည်း အပြောင်းအလဲတွေပြုလုပ်ဖို့ရာ ဆန္ဒရှိနေဖွယ်ရှိပါတယ်။ 


ယူနိုက်တက်ကတော့ သူတို့ရဲ့ အကယ်ဒမီထွက်ကစားသမားကို လွယ်လွယ်နဲ့ ရောင်းချဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ တကယ်လို့ ရက်ရှ်ဖို့ဒ်ကို လက်လွှတ်မယ်ဆိုရင်လည်း အဲရစ်တန်ဟက်ဂျ်အတွက် တိုက်စစ်မှူးသစ်တဦးကို ခေါ်ယူပေးပြီးမှသာ ထွက်ခွာခွင့်ပေးရမှာဖြစ်ပြီး ကစားသမားနဲ့ ယူနိုက်တက်ကြားမှာ စာချုပ်သက်တမ်းက ၁ နှစ်ကျန်ရှိနေပါသေးတယ်။

အင်္ဂလန်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အကယ်ဒမီကထွက်ပေါ်လာပြီးနောက် ၂၀၁၅-၁၆ ရာသီမှာ အသင်းကြီးအတွက် စတင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၀၄ ပွဲကစားပေးထားပြီး ၉၃ ဂိုး သွင်းယူပေးထားကာ ပရီးမီးယားလိဂ်သွင်းဂိုး ၅၉ ဂိုးအထိ ရရှိထားပါတယ်။ 

Share

Loading Next Article...
က္က