ရိုင်းမ်စ်နဲ့ပွဲအပြီးမှာ အမ်ဘာပေက အငြင်းပွားဖွယ် ဖန်တီးခဲ့ပြန်တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေဟာ မနေ့ညက ရိုင်းမ်စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီး သူ့ရဲ့ အင်စတာဂရမ်ကတဆင့် အငြင်းပွားဖွယ် အကြောင်းအရာကို မျှဝေခဲ့ပါတယ်။ ဒီအကြောင်းအရာရဲ့ အဓိကဆိုလိုချင်တဲ့အဓိပ္ပာယ်က အမ်ဘာပေအနေနဲ့ မက်ဆီ၊ နေမာတို့နဲ့ တွဲမကစားလိုခြင်းဖြစ်တယ်လို့ ဆိုနေကြပါတယ်။



အမ်ဘာပေဟာ သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ Hashtag နဲ့ Pivot Gang လို့ ရေးသားခဲ့တာပါ။ ဒါဟာ ပြင်သစ်မှာ အထောင်တိုက်စစ်မှူးဖြစ်တဲ့ ဂျရူးနဲ့အတူတူ တွဲကစားခွင့်ရတာကြောင့် တောင်ပံမှာ လွတ်လွတ်လပ်လပ် ကစားခွင့်ရတာကို ရည်ညွှန်းတယ်လို့ဆိုပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာတော့ နေမာ၊ မက်ဆီတို့ရှိနေတာကြောင့် စိတ်ထင်သလို ကစားခွင့်မရဘဲ ဒါကိုလည်း ပီအက်စ်ဂျီနည်းပြ ဂဲလ်တီယာက အတည်ပြုထားပါတယ်။

မနေ့ညက ရိုင်းမ်စ်နဲ့ပွဲမှာတော့ ပီအက်စ်ဂျီဘက်က နေမာရော၊ မက်ဆီရော နှစ်ယောက်လုံး ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ အဲ့ဒီပွဲမှာ ပီအက်စ်ဂျီတို့ တဂိုးမှမရရှိဘဲ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပေမယ့် အမ်ဘာပေကတော့ ပွဲအပြီးမှာ အခုလိုပဲ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရေးသားခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ မက်ဆီ၊ နေမာတို့နဲ့ မကျေမလည်ဖြစ်နေတယ်လို့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။

ဒီလိုအချိန်မျိုးမှာပဲ အမ်ဘာပေက အခုလိုမျိုး အငြင်းပွားဖွယ် အကြောင်းအရာကို မျှဝေခဲ့တာဖြစ်ပြီး ပရိသတ်တွေက Screenshot ရိုက်ယူထားကာ မီဒီယာတွေဆီမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပွဲအပြီးမှာလည်း ဂဲလ်တီယာက “နေမာနဲ့မက်ဆီတို့ မပါဝင်နိုင်ချိန်မှာ အမ်ဘာပေက ကူရာကယ်ရာမဲ့နေပါတယ်။ ဒါက ကျနော် သံသယဖြစ်ခဲ့တဲ့အတိုင်းပါပဲ”

“နေမာ ပွဲမထွက်နိုင်ခဲ့တာက သူ ပွဲတွေအများကြီးကစားထားရပြီး ပင်ပန်းနေလို့ပါ။ ဒါပေမယ့် ဒုတိယပိုင်း နေမာဝင်လာချိန်မှာတော့ အမ်ဘာပေနဲ့ သူ့အကြား ဆက်ဆံရေးကောင်းကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ကျနော်တို့ (၁၀) ယောက်တည်းနဲ့ ကစားခဲ့ရပေမယ့် ဒုတိယပိုင်းမှာ အသင်းရဲ့ ကစားပုံက ပိုကောင်းလာခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က