မက်ဆီရဲ့ အလွတ်တည်ကန်ဘောနှိပ်စက်တာကို ခံလိုက်ရတာပါ။

ဒဲလက်စ်အသင်းနည်းပြ အက်စတီဗက်စ်ကတော့ မက်ဆီရဲ့ အလွတ်တည်ကန်ဘောကို မြင်နေရပြီဆိုရင် ဆုတောင်းသာ နေတော့လို့် ပြောဆိုလိုက်ပါတယ်။ မနေ့က ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ မက်ဆီက သူ့ရဲ့ အလွတ်တည်ကန်ဘောကတဆင့် အင်တာမိုင်ယာမီအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်ကန်ခွင့်ရအောင် လုပ်ပေးနိုင်ပါတယ်။ 

၄-၄ နဲ့ သရေကျခဲ့တဲ့ပွဲမှာ မက်ဆီက ၂ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း သူ အရင်ဆုံးကန်သွင်းပြီး ဦးဆောင်ခဲ့ပါတယ်။ မက်ဆီရဲ့ အလွတ်တည်ကန်ချက်က တော်တော်လေးကောင်းမွန်ခဲ့ပြီး ဂိုးသမား ဘာမှမတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတဲ့နောက် ဒဲလက်စ်တို့ အနိုင်ရဖို့ ဖြစ်တည်နေမှုလည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ နည်းပြနီကိုအက်စတီဗက်ဇ်က "မက်ဆီရဲ့ အလွတ်တည်ကန်ဘောဆိုတာက တခြားကစားသမားတွေ ပင်နယ်တီကန်သွင်းသလိုပါပဲ၊ သူကန်တော့မယ်ဆိုရင် ဂိုးတိုင်ထိဖို့၊ လူတံတိုင်းထိသွားဖို့ ဒါမှမဟုတ် သူ ကန်ဖို့အတွက် ပြေးနေချိန်မှာ ချော်လဲသွားဖို့ကိုပဲ ခင်ဗျား ဆုတောင်းနေရလိမ့်မယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ကစားပေးခဲ့တဲ့ ပထမဆုံးပွဲတုန်းကလည်း အလွတ်တည်ကန်ဘောကနေပဲ ချေပဂိုးကို သွင်းယူပေးခဲ့ပါသေးတယ်။ မိုင်ယာမီအတွက် သူက ၄ပွဲကစားပြီးချိန်မှာပဲ ၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့ပြီး အသင်းကို လိဂ်ဖလားရယူနိုင်မယ့် လမ်းကြောင်းပေါ် ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က