ကမ္ဘာ့ဖလားမှာ မက်ဆီ ပင်နယ်တီဂိုးအများစုရခဲ့တာကို လှောင်ပြောင်ခဲ့တဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။

ပြင်သစ်လက်ရွေးစင်ကစားသမားဟောင်း ပက်ထရစ်အီဗရာက ရီယိုဖာဒီနန်နဲ့အတူ ပြုလုပ်ခဲ့တဲ့ Stream တခုမှာ မက်ဆီဘက်ကနေ ကာကွယ်ပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နယ်သာလန်နည်းပြဟောင်း လူး၀စ္စဗန်ဟားက ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို မက်ဆီရအောင် ကြံစည်ခဲ့ကြတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ဒီလိုမျိုးပြောဆိုမှုတွေနဲ့အတူ မက်ဆီကလည်း ကမ္ဘာ့ဖလားမှာ ပင်နယ်တီဂိုးတွေပဲ ရခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအပေါ်မှာ အီဗရာက ပြောဆိုခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က သူ့အသင်းကို ဆွဲတင်ပေးခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုနဲ့လည်း ထိုက်တန်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။ 

အီဗရာက "လူတွေက ကမ္ဘာဖ့လားမှာ မက်ဆီ ပင်နယ်တီကနေပဲ ဂိုးတွေရတယ်ဆိုပြီး ပြောနေကြတယ်၊ ပင်နယ်တီကန်သွင်းရတာက မလွယ်ပါဘူး၊ ဖိအားတွေအကုန်လုံးက ကိုယ့်ဆီမှာ၊ ပြီးတော့ တကမ္ဘာလုံးကလည်း စောင့်ကြည့်နေတာ၊ လွဲသွားရင် သူ့ကို ဘယ်သူကမှ ခွင့်လွှတ်မှာမဟုတ်ဘူး"

"အာဂျင်တီးနားကို သူ ဆွဲတင်ပေးခဲ့လို့ အကောင်းဆုံးကစားသမားဆုရခဲ့တာပါ၊ သူနဲ့လည်း ထိုက်တန်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအတွက် ခြေစွမ်းပြခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်တွေမှာလည်း ဦးဆောင်ကန်သွင်းယူခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က