အာဂျင်တီးနားဂန္တဝင်နဲ့ တွေ့ချိန်မှာ လက်တွေတောင် တုန်နေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် အလက်ဆစ် မက်ကယ်လစ္စတာဟာ လီယွန်နယ် မက်ဆီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ချိန်တုန်းက ဘယ်လောက်တောင် စိတ်လှုပ်ရှားခဲ့လဲဆိုတာထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မက်ကယ်လစ္စတာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုး ပါဝင်မပတ်သက်ခင် ဘိုကာဂျူနီယာလူငယ်ကြယ်ပွင့်ကစားသမားဘဝတုန်းက ၎င်းရဲ့ စံပြပုဂ္ဂိုလ်ဆီ စိတ်လှုပ်ရှားစွာနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ လက်ရှိ ဘရိုက်တန်အသင်းအတွက် ကစားပေးနေတဲ့ အာဂျင်တီးနားကွင်းလယ်ကြယ်ပွင့်ဟာ လီယွန်နယ် မက်ဆီနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ချစ်မြတ်နိုးဖွယ် အမှတ်တရကို ပြန်ပြောင်း ပြောပြသွားခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်နဲ့ တွေ့ချိန်မှာ လက်တွေတောင် တုန်နေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ ကျွန်တော့်လက်တွေဆို တုန်တောင် တုန်နေတယ်။ ကျွန်တော်က တကယ်ကို ရှက်တဲ့သူပါ။ အဲဒီတော့ ဟုတ်ပါတယ်။ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ပြီးတဲ့နောက်မှာ သူက ဘယ်လောက်တောင် နှိမ့်ချတတ်လဲဆိုတာကို ခင်ဗျား သိသွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဘိုကာ ဂျူနီယာမှာ ကစားနေခဲ့တာဖြစ်ပြီး ကျွန်တော်တို့ အာဂျင်တီးနားကနေ ခြေစမ်းပွဲကစားဖို့ စပိန်ကို သွားခဲ့တာထင်တယ်။ ကျွန်တော်တို့ အဲဒီကို ရောက်သွားခဲ့ပြီး သူက ညစာစားနေတာပါ"

"ကျွန်တော် သူ့စားပွဲကို သွားခဲ့ပြီး ဟယ်လိုလို့ ပြောခဲ့ပြီး လက်တွေက တုန်နေတယ်။ ကျွန်တော် ဇောချွေးတွေတောင် ထွက်နေခဲ့တယ်။ ဒါပေမယ့် အဲဒါက အံ့အားသင့်စရာ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားပါ"လို့ B/R Football ကို ပြောကြားခဲ့ပါတယ်။ 



မက်ကယ်လစ္စတာဟာ အရင်တုန်းကလည်း ၎င်း မနှစ်သက်တဲ့ နာမည်ပြောင်ကို ခေါ်တာနဲ့ပတ်သက်ပြီး လီယွန်နယ် မက်ဆီက ကာကွယ်ပေးခဲ့တဲ့အကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး "အားလုံးက ကျွန်တော့်ကို 'Colo'လို့ ခေါ်ကြတာ မှတ်မိတယ်။ အာဂျင်တီးနားလိုဆိုရင် ဂျင်းလို့ အဓိပ္ပာယ်တယ်။ ကျွန်တော် အဲဒီနာမည်ကြီးကို မကြိုက်ဘူး။ မက်ဆီက အသင်းဖော်တွေကို 'သူက Colo လို့ ခေါ်တာ ကြိုက်တဲ့ပုံမပေးဘူး။ အဲဒီတော့ သူ့ကို အဲဒီလို မခေါ်နဲ့'ဆိုပြီး ပြောပေးခဲ့တယ်"လို့ ပြောဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က