မေးတဲ့သူတောင်မှ အမ်းတမ်းတမ်းဖြစ်သွားမှာ သေချာပါတယ်။

ဖီဖာရဲ့ The Best ဆုကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ဘိုင်ယန်တိုက်စစ်မှူးလီဝန်ဒေါစကီးကတော့ သူ့ကို မမေးသင့်တဲ့ မေးခွန်းလာမေးတဲ့ သတင်းထောက်တွေကို ဘုတောလွှတ်လိုက်ပါပြီ။ လီဝန်ဒေါစကီးဟာ ဒီဆုအတွက် မက်ဆီ၊ ဆာလာတို့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး သူ့ရဲ့အနီးကပ်ပြိုင်ဘက်နှစ်ဦးစလုံးက မဲပေးရွေးချယ်မှုမှာ အခြားသူတွေကို ဦးစားပေးခဲ့ကြတာဖြစ်ပါတယ်။ 

မက်ဆီက နေမာ၊ ဘတ်ပီနဲ့ ဘန်ဇီမာတို့ကို ရွေးချယ်ခဲ့ပြီး ဆာလာကတော့ ဂျော်ဂျင်ဟို၊ မက်ဆီ၊ လီဝန်ဒေါစကီးဆိုပြီး ရွေးချယ်ခဲ့တာပါ။ မက်ဆီက သူ့ကို ဘာလို့မရွေးချယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး လီဝန်ဒေါစကီးကို မေးခဲ့ရာမှာတော့ ကစားသမားက - "ဒါက သူ့ရွေးချယ်မှုဆိုတော့ ဒီမေးခွန်းက သူ့ကိုပဲ မေးသင့်ပါတယ်။ အားကစားနဲ့ ပတ်သက်တာကလွဲလို့ သူ ကျွန်တော့်ကို စိတ်ဆိုးရလောက်အောင် ဘာအမှားမှ ကျွန်တော် မလုပ်ခဲ့ဘူး"

"ဒါက သူ့ရဲ့ ရွေးချယ်မှုပါ။ ကျွန်တော် ဒါကို လေးစားရပါမယ်" လို့ ပြန်ပြောသွားခဲ့ပါတယ်။ လီဝန်ဒေါစကီးကိုယ်တိုင်မဲပေးမှုမှာတော့ ဂျော်ဂျင်ဟို၊ မက်ဆီ၊ ရော်နယ်ဒိုဆိုပြီး ပေးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးအနေနဲ့ သူ့ကို အကျဉ်းအကျပ်ထဲရောက်အောင် ပို့တယ်လို့ ယူဆရတဲ့ မေးခွန်းကို ပါးပါးနပ်နပ်နဲ့ တုံ့ပြန်ခဲ့တာဖြစ်သလို မေးသူကို မျက်နှာပျက်စေမယ့် အဖြေမျိုး ပြန်ပေးခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ ဘိုင်ယန်အတွက် ပြီးခဲ့တဲ့နှစ်မှာ ဘွန်ဒက်လီဂါသွင်းဂိုးစံချိန်တင်ခဲ့ပြီး တနှစ်လုံးမှာ ဂိုးပေါင်း ၆၉ ဂိုးအထိ ရရှိခဲ့လို့ The Best ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ နှစ်နှစ်ဆက်တိုက်ဆွတ်ခူးခဲ့တာဖြစ်ပြီး ဘလွန်းဒီအောဆုနဲ့ လွဲချော်ခဲ့ရတဲ့ သူ့အတွက် အစားထိုးဖြေသိမ့်စရာဆုတခုလည်းဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့တာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က