တကယ်ကို ရှားပါးအခွင့်အရေးတခုကို ရယူနိုင်ခဲ့တာပါ။

အင်ဒိုနီးရှားလက်ရွေးစင်အသင်းဟာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲကစားသွားမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း အတည်ပြုခဲ့တယ်လို့ အာဆီယံဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဒါဟာ အင်ဒိုနီးရှားအတွက်တော့ တကယ်ကို အကျိုးရှိတဲ့ ပွဲစဉ်တပွဲဖြစ်လာမှာ သေချာပါတယ်။ 

အင်ဒိုနီးရှားဟာ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲကစားခွင့်ရဖို့အတွက် ကာလရှည်ကြိုးပမ်းခဲ့ရတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနာမည်ကျော် သတင်းဌာနကြီးဖြစ်တဲ့ ဂျာကာတာပို့စ်ကလည်း ဒီသတင်းမှန်ကန်တယ်လို့ အတည်ပြုခဲ့ပြီး ဘေဂျင်းမှာ ဩစတြေးလျနဲ့ ခြေစမ်းပွဲအပြီး အာဂျင်တီးနားက အင်ဒိုနီးရှားနဲ့ ထပ်မံကစားမှာလို့ ဆိုပါတ်။ 

တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနားသံရုံးက ဇွန်လ ၁၅ ရက်နေ့မှာ လီယွန်နယ်မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းဟာ ဩစတြေးလျနဲ့ ဘေဂျင်းမှာ ခြေစမ်းပွဲကစားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ ကစားမယ်လို့ ဆိုခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အရ အသင်းလူစာရင်းအပြည့်အစုံ ပါဝင်လာမယ်လို့လည်း ယုံကြည်ရပါတယ်။

အာဂျင်တီးနားဟာ Asia Tour အစီအစဉ်အနေနဲ့ ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး အရှေ့တောင်အာရှအသင်းတသင်းဖြစ်တဲ့ အင်ဒိုနီးရှားကတော့ ရှားပါးအခွင့်အရေးတခုကို ရရှိခဲ့ပြီဖြစ်ပါတယ်။ အင်ဒိုနီးရှားကစားသမားတွေအနေနဲ့ မက်ဆီဦးဆောင်တဲ့ ကမ္ဘာကျော်ကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ကာ အဆိုပါပွဲစဉ်ကတဆင့် သူတို့ လက်ရွေးစင်အသင်းအတွက် အကျိုးကျေးဇူးအများအပြားရရှိမှာလည်း သေချာပါတယ်။ 

Share

Loading Next Article...
က္က