အသင်းတွင်းမှာ ကစားသမားအစုအဖွဲ့ ကွဲပြားနေကြတာပါ။

လီဗာပူးလ်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့တဲ့ ၀ိုင်နယ်ဒမ်ဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့အပြင် အသင်းဖော်တွေကြောင့်လည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ 


ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ L'Equipe ရဲ့ ဖော်ပြချက်အရ ဟော်လန်ကွင်းလယ်လူဝိုင်နယ်ဒမ်ဟာ ပီအက်စ်ဂျီအသင်းမှာ တောင်အမေရိကသားတွေကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။ ဒီရာသီမှာမှ လီဗာပူးလ်ကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ခဲ့တဲ့ ၀ိုင်နယ်ဒမ်ဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့အပြင် အသင်းဖော်တွေကြောင့်လည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ 



မက်ဆီဦးဆောင်တဲ့ တောင်အမေရိကသားတွေက အဝတ်လဲခန်းအတွင်းနဲ့ လေ့ကျင့်ရေးကွင်းမှာ ကြီးစိုးနေတယ်လို့ သိရပြီး လေ့ကျင့်ကွင်းမှာ ၀ိုင်နယ်ဒမ်နဲ့ တွဲဖက်ကစားခြင်းမပြုလုပ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် တောင်အမေရိကသားအချင်းချင်းသာ ပိုမိုနီးစပ်စွာနေထိုင်နေကြပြီး ၀ိုင်နယ်ဒမ်အတွက်တော့ ကြီးမားတဲ့ ပြသနာတစ်ခုအဖြစ်ရှိနေကာ သူ့ရဲ့ပီအက်စ်ဂျီကစားသမားဘဝက ထင်သလောက်မလွယ်ဘူးလို့လည်း ဖွင့်ဟခဲ့ဖူးပါတယ်။ 

မက်ဆီ၊ နေမာတို့လို နာမည်ကျော်ကစားသမားတွေအပြင် ဒီမာရီယာ၊ အီကာဒီ၊ ပရီဒက်စ်၊ ရာဖင်ဟာ၊ မာကွင်ဟို့စ်တို့လည်း ပီအက်စ်ဂျီမှာရှိနေတာဖြစ်ပါတယ်။ ၀ိုင်နယ်ဒမ်ဟာ ဒီရာသီမှာ အသင်းအတွက် မိနစ် ၉၀ အပြည့်အဖြစ် နှစ်ပွဲတည်းသာ ပါဝင်ကစားပေးထားရသေးပြီး ကျန်ပွဲတွေမှာတော့ လူစားလဲလှယ်ခံရတာ၊ လူစားဝင်ကစားရတာတွေနဲ့သာ အချိန်ကုန်ဆုံးနေခဲ့ပြီး လီဗာပူးလ်မှာလို ပုံမှန်ကစားခွင့်မရဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။ 

မနေ့က ကစားခဲ့တဲ့ လိုင်လီနဲ့ပွဲမှာလည်း သူဟာ ဒုတိယပိုင်း မိနစ် ၆၀ ကျော်မှာ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိခဲ့ပေမယ့် ပြင်သစ်ကလပ်ကိုသာ ၀ိုင်နယ်ဒမ်က ရွေးချယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကမှားယွင်းနေပြီလားဆိုတာ သံသယဖြစ်ဖွယ်ရှိလာခဲ့ပါတယ်။ နည်းပြပိုချက်တီနိုအတွက်လည်း အသင်းမှာ ကစားသမားကောင်းတွေများပြားနေတာကြောင့် လူစာရင်းအတွက် ခေါင်းခဲနေရသလို အသင်းတွင်းတည်ငြိမ်စည်းလုံးဖို့အတွက်လည်း တော်တော်လေးထိန်းသိမ်းနေရတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က