မက်ဆီ ဒဏ်ရာထပ်ရနေခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်ကစားသမား မက်ဆီဟာ ခြေဖနောင့်အရွတ်ရောင်ဒဏ်ရာကို ခံစားနေရတယ်လို့ ကလပ်အသင်းဘက်က တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မက်ဆီဟာ ဒီဒဏ်ရာကြောင့် ဒီကနေ့ညမှာ ကစားမယ့် အန်ဂါစ်နဲ့ ပြင်သစ်လီဂူး အဝေးကွင်းပွဲစဥ်ကို လွဲချော်ရတော့မှာပါ။



ဒီလိုမျိုး ပီအက်စ်ဂျီဘက်က ကြေညာချက်ထွက်ပေါ်လာခဲ့တဲ့နောက် ကတ်တလန်မီဒီယာရဲ့ဖော်ပြချက်အရ မက်ဆီဟာ ပီအက်စ်ဂျီ ကစားခဲ့တဲ့ပွဲတွေရဲ့ (၃၀) ရာခိုင်နှုန်းအထိကို လွဲချော်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၂၉) ပွဲကစား (၈) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၃) ကြိမ် ပြုလုပ်ပေးထားတာပါ။

ဒီအချက်အလက်မှတ်တမ်းတွေက မက်ဆီအတွက် လုံလောက်တဲ့ အချက်အလက်မှတ်တမ်းတွေတော့ မဟုတ်ပါဘူး။ အချက်အလက်ပိုင်းတွေအရ မက်ဆီဟာ ဒီရာသီမှာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေခဲ့ရပြီး (၂၀၂၂) အစောပိုင်းမှာလည်း ကိုဗစ်ကူးစက်ခံခဲ့ရပါသေးတယ်။

မက်ဆီဟာ ကိုဗစ်ကူးစက်မှုရဲ့ နောက်ဆက်တွဲကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ်လို့လည်း ဝန်ခံထားပြီး ပီအက်စ်ဂျီမှာ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေက သိသိသာသာ ကျဆင်းလျက်ရှိပါတယ်။ နောက်ထပ် ထွက်ပေါ်လာတဲ့ အချက်အလက်အရ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ကစားသမားဘဝ (၁၆) နှစ်ကာလကို ဖြတ်သန်းခဲ့တဲ့ ကာလအတွင်း ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ပွဲအရေအတွက်က (၁၂) ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။

ဒီအထဲကမှ အကြိမ်ပေါင်း (၃၀) က ကြွက်သားဒဏ်ရာပြဿနာကြောင့်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပြင်သစ်အခြေစိုက် မီဒီယာတွေကတော့ မက်ဆီရဲ့ ဒီလိုမျိုးအနေအထားတွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း မက်ဆီရဲ့ လက်ရှိ အသက်အရွယ်က (၃၄) နှစ်ရှိနေပြီဆိုတာကို သတိချပ်သင့်ပါတယ်။

အခြားသော ကစားသမားတွေက ဒီအသက်အရွယ်မှာ ကစားသမားဘဝက အနားယူဖို့ စဥ်းစားနေကြပြီး အချို့ဆိုရင် အသက် (၃၄) နှစ်မတိုင်ခင်မှာတင် အနားယူသွားကြတာမျိုးရှိပါတယ်။ ဒါပေမယ့် မက်ဆီကတော့ မဟာပြိုင်ဘက် ရော်နယ်ဒိုလို အသက်အရွယ်ကိုသာ ရောက်ခဲ့ရင် ရော်နယ်ဒို အခု စွမ်းဆောင်နိုင်သလောက်ကို မက်ဆီက စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့လည်း ဝေဖန်နေကြပါတယ်။ 

Share

က္က