နယ်သာလန်ဂိုးသမားနဲ့ စာချုပ်ဖျက်သိမ်းလမ်းခွဲလိုက်တာပါ။

အင်တာမိုင်ယာမီဟာ မက်ဆီအတွက် အသင့်မဖြစ်သေးဘူးလို့ ပြောဆိုခဲ့ဖူးတဲ့ ဂိုးသမားနစ်မာ့စ်မန်းကို စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ၂၀၂၁ ဇူလိုင်လကမှ အင်တာမိုင်ယာမီကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန်ဂိုးသမားဟာ ၂ နှစ်အကြာမှာ အသင်းနဲ့ လမ်းခွဲလိုက်ရတာလည်း ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီကို ပြောင်းရွှေ့တော့မယ်လို့ မက်ဆီက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မာ့စ်မန်းက "ကျနော်တို့အသင်းက မက်ဆီရောက်လာဖို့အတွက် အသင့်မဖြစ်သေးဘူးလို့ ထင်တယ်၊ ကျနော်တို့မှာ ကွင်းကလည်း ယာယီကွင်းပဲရှိတယ်၊ လူတွေဆိုတာကလည်း အဲဒီကွင်းထဲမှာ လမ်းလျှောက်နေကြတာ၊ လုံခြုံရေးဂိတ်တွေလည်း မရှိဘူး၊ လုံခြုံရေးမရှိဘဲ ကျနော်တို့က ကွင်းကို သွားနေရတာပါ"

"သူတို့ မက်ဆီအတွက် အသင့်မဖြစ်သေးဘူးလို့ ကျနော်ထင်ပါတယ်" လို့ သူ့ရဲ့ အမြင်ကို ပြောဆိုခဲ့တာဖြစ်ပါတယ်။ အခု အသင်းနဲ့ စာချုပ်ဖျက်သိမ်းတာကတော့ ဒီလိုပြောဆိုမှုကြောင့်မဟုတ်ဘဲ သူ့ကို မလိုအပ်တော့တာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။ 

လက်ရှိမှာ အင်တာမိုင်ယာမီဂိုးသမားအဖြစ် ဒရိတ်ခ်ကယ်လ်လန်ဒါက တာဝန်ယူနေတာဖြစ်ပါတယ်။ မာ့စ်မန်းကတော့ ၂၉ ပွဲကစားပေးခဲ့ပြီး ပေးဂိုးမရှိပွဲ ၈ ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။ မက်ဆီကတော့ သူ ထင်မှတ်သလို မဟုတ်ခဲ့ဘဲ အသင်းမှာ ခြေစွမ်းပြကစားနေပြီး အချိန်တိုအတွင်း အသားကျနေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က