မက်ဆီဟာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ၎င်းရဲ့ ပထမဆုံးကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် လီယွန်နယ် မက်ဆီကို ကလေးငယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့တဲ့ ကြည်နူးဖွယ်ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။

တောင်အမေရိကထိပ်သီးအသင်းကြီးဟာ ယခုလလယ် ကာတာမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး မက်ဆီဟာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ၎င်းရဲ့ ပထမဆုံးကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ဗိုလ်လုပွဲမှာ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ကလပ်အသင်းဖော် ခီလီယန် အမ်ဘာပေက ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့အတွက် သရေနဲ့ ပွဲပြီးဆုံးပြီး ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။

အီမီလီယာနို မာတီနက်ဇ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးက အလုပ်ဖြစ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ချန်ပီယံတွေဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အာဂျင်တီးနားအသင်းကို ၄-၂ နဲ့ ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်တဲ့ ခရစ္စမတ်ဗီဒီယိုထဲမှာ ကလေးငယ်တစ်ဦးက အပေါ်ထပ်လှေကားကနေ ဆင်းလာပြီး ခရစ္စမတ်သစ်ပင်အောက်က ၎င်းရဲ့ လက်ဆောင်ကို ဖွင့်ကြည့်ခဲ့ပြီး ဗူးထဲက ကမ္ဘာ့ဖလားကြီးကို ကိုင်ပြီး 'Gracias Papa Lionel'လို့ ပြောပြီး ကမ္ဘာ့ဖလားကို နမ်းခဲ့တာဖြစ်ပါတယ်။



တောင်အမေရိကနိုင်ငံတွေမှာ ကလေးငယ်တွေအတွက် ခရစ္စမတ်ကာလမှာ လက်ဆောင်တွေကို ယူဆောင်လာပေးတဲ့ ဆန်တာ ကလော့စ်ကို Papa Noel အဖြစ် လူသိများတာဖြစ်ပြီး ဗီဒီယိုထဲက ကလေးငယ်ဟာ ကမ္ဘာ့ဖလားကို ယူဆောင်ပေးခဲ့တဲ့ လီယွန်နယ် မက်ဆီကို ဆန်တာ ကလော့စ်အဖြစ်နဲ့ ကျေးဇူးတင်စကား ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က