ဩစီပရိသတ်တွေ မက်ဆီဘယ်မှာလဲဆိုတာ တွေ့သွားခဲ့ရပါတယ်။

မက်ဆီကတော့ မနေ့ညက ဩစတြေးလျနဲ့ပွဲမှာ ဩစတြေးလျပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပြီးနောက် အချိန်ပိုင်းလေးအတွင်းမှာပဲ ဂိုးသွင်းယူပြီး တုံ့ပြန်ပြခဲ့ပါတယ်။ ဩစတြေးလျပရိသတ်တွေဟာ ဆော်ဒီပရိသတ်တ​ွေ ပြုလုပ်ခဲ့တဲ့ "မက်ဆီဘယ်မှာလဲ" ဆိုတဲ့ ကြွေးကြော်သံတွေကို ကြိမ်ဖန်များစွာ သံပြိုင်ရွတ်ဆိုပြီး မက်ဆီကို လှောင်ပြောင်ခဲ့ကြတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း သူတို့တွေ အဲဒီလိုစတင်အော်ဟစ်ပြီး ၁၂ စက္ကန့်အကြာမှာပဲ မက်ဆီက အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို သွင်းယူသွားခဲ့လို့ အော်ဟစ်သံတွေ တိတ်ဆိတ်သွားခဲ့ရပါတယ်။ မက်ဆီဟာ ဩစတြေးလျအသင်းရဲ့ ဧရိယာအစွန်ဘက်ကနေ အော်တာမန်ဒီနဲ့ ဝမ်းတူးရိုက်ပြီး ဂိုးဧရိယာထိပ်နားအရောက်မှာ သူ သွင်းယူနေကျပုံစံအတိုင်း သွင်းယူခဲ့တာဖြစ်ပါတယ်။ 

အဆိုပါဂိုးကတော့ မက်ဆီအတွက် ကစားသမားဘ၀မှာ ၇၈၉ ဂိုးမြောက်ဖြစ်ပြီး အာဂျင်တီးနားအတွက် ၁၆၉ ပွဲမှာ ၉၄ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားမှာ သူ့အတွက် ပထမဆုံးသောရှုံးထွက်အဆင့်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ မာရာဒိုနာ၊ စီရော်နယ်ဒိုတို့ရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးတွေထက်လည်း ၁ ဂိုးအသာစီးရရှိခဲ့ကာ ပွဲပေါင်း ၁၀၀၀ ပြည့် အထိမ်းအမှတ်ပွဲကို ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့ပါတယ်။ 



အာဂျင်တီးနားအတွက် အယ်လ်ဗာရက်ဇ်က ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဩစီဂိုးသမားမတ်ရိုင်ယန်ရဲ့ အမှားကနေ ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ ဩစီတို့ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး လက်ကျန်မိနစ်တွေမှာ အကောင်းဆုံးအခွင့်အရေးတွေရခဲ့ပေမယ့် အာဂျင်တီးနားဘက်က ကာကွယ်ဖျက်ထုတ်မှုတွေလုပ်နိုင်ခဲ့လို့ ၂-၁ နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က