ကမ္ဘာ့ဖလားတုန်းက မက်ဆီဘက်က ရပ်တည်ခဲ့တာပါ။

မက်ဆီရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တဲ့ အဂွေရိုက ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားမှာ မက်ဆီ အကောင်းဆုံး ကစားသမားဆုရရှိမယ်လို့ လောင်းကြေးထပ်ခဲ့ပါတယ်။ မက်ဆီကလည်း ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် အဂွေရိုကတော့ အာဂျင်တီးနားနဲ့အတူ အောင်ပွဲခံရင်း သူ့ရဲ့ နိုင်ကြေးကို ပြန်လည်ထုတ်ယူဖို့ မေ့လျော့ခဲ့ပါတယ်။



ဒီအကြောင်းကို အဂွေရိုကိုယ်တိုင်က မျှဝေခဲ့တာပါ။ ကမ္ဘာ့ဖလားမတိုင်ခင်က မက်ဆီအနေနဲ့ ကာတာကမ္ဘာ့ဖလားမှာ အကောင်းဆုံး ကစားသမားဖြစ်ဖို့ ၈,၂၅/၁ လေးဖွင့်လှစ်ခဲ့ပါတယ်။ အဂွေရိုကလည်း မက်ဆီအပေါ် အပြည့်အဝ ယုံကြည်မှုရှိခဲ့ပြီး မက်ဆီ အကောင်းဆုံး ကစားသမားဆုရမယ့်ဘက်ကနေ (၈၂၃) ပေါင် လောင်းကြေးထပ်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားအပြီးမှာတော့ အဂွေရိုက သူရရှိထားတဲ့ နိုင်ကြေးကို ထုတ်ယူဖို့ မေ့လျော့သွားခဲ့ပြီး အခုချိန်မှာသာ စခရင်ရှော့နဲ့ ပရိသတ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ အဂွေရိုက “မက်ဆီ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆုရမယ်လို့ နိုဝင်ဘာ (၁၇) ရက်နေ့မှာ ကျွန်တော် လောင်းကြေးထပ်ခဲ့ပြီး အခုမှ ဒါကို ပြန်သတိရပါတယ်” လို့ ရေးသားကာ စလစ်ပုံကို စခရင်ရှော့ တင်ထားခဲ့ပါတယ်။

အဂွေရိုဟာ ဒီလောင်းကြေးအရဆိုရင် ပေါင် (၆,၈၀၀) အထိ ရရှိမှာဖြစ်ပါတယ်။ အဂွေရိုဟာ ကစားသမားဘဝကနေ အနားယူသွားခဲ့ပြီးဖြစ်ပေမယ့် မက်ဆီနဲ့ အာဂျင်တီးနားအတွက်တော့ အမာခံပရိသတ်တစ်ယောက်အဖြစ် အွန်လိုင်းကနေရော၊ အပြင်မှာပါ အင်တိုက်အားတိုက် အားပေးနေဆဲပါ။

မက်ဆီ ကမ္ဘာ့ဖလားရပြီးချိန်မှာလည်း အဂွေရိုက သူ့ပခုံးပေါ်မှာ မက်ဆီကို ထမ်းတင်ထားခဲ့ပြီး မက်ဆီကလည်း ကမ္ဘာ့ဖလားနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ မက်ဆီ တစ်ယောက် ကမ္ဘာ့ဖလားကိုင်မြှောက်အောင်ပွဲခံနေပုံကလည်း အင်စတာဂရမ် သမိုင်းတစ်လျှောက်မှာ ပရိသတ်အကြိုက်အတွေ့ဆုံး ဓာတ်ပုံတစ်ပုံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က