အသင်းကထွက်ဖို့ပါ သားဖြစ်သူကို တိုက်တွန်းခဲ့ပါတယ်။

ဘိုရီဖာတီက သူ့ရဲ့သား အန်ဆူဖာတီဟာ ဘာစီလိုနာမှာ ပွဲကစားခွင့်ပိုမိုရရှိဖို့ ထိုက်တန်ကြောင်းနဲ့ နွေရာသီမှာ ကလပ်ကနေ ထွက်ခွာဖို့ အကြံပေးခဲ့ပါတယ်။ အန်ဆုဖာတီရဲ့ ဖခင်ဖြစ်သူက ဘာစီလိုနာအသင်းမှာ သူ့ရဲ့သားဖြစ်သူ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒေါသထွက်နေတာပါ။ အန်ဆုဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဗီလာရီးရယ်လ်အသင်းကို အနိုင်ရခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း လာလီဂါမှာ သွင်းဂိုးမရရှိတော့တာဖြစ်ပါတယ်။

အန်ဆုဖာတီဟာ မက်ဆီ ဘာစီလိုနာကနေ ထွက်ခွာအပြီးမှာ ကျောနံပတ် ၁၀ ဂျာစီကို ဆက်ခံပြီး ဝတ်ဆင်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရသလို အခုနှစ်ရာသီမှာတော့ ပွဲကစားခွင့်ရဖို့တောင် ခက်ခဲနေတာပါ။အဲ့ဒါကြောင့်လည်း ဘိုရီဖာတီက သူ့သားကို အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဘိုရီဖာတီက “အဖေတစ်ဦးအနေနဲ့ ဒါကို ဒေါသထွက်မိပါတယ်၊ဒါဟာ အဖေတိုင်းလိုဖြစ်မှာပါ။အန်ဆုအနည်းငယ်ပဲ ကစားရတာကို မြင်ရတာဟာ ဒေါသထွက်စေပါတယ်။ကျွန်တော်ကတော့ သူအများကြီးကစားရဖို့ ထိုက်တန်တယ်လို့ထင်ပါတယ်။သူတို့က အန်ဆုကို မိနစ်အနည်းငယ်ပဲ ကစားခွင့်ပေးတာဟာ လုံးဝအဆင်မပြေပါဘူး”

“ကျွန်တော်အခုပြောနေတာက စပိန်လက်ရွေးစင်နဲ့ လာမာစီယာက ထွက်တဲ့ ကစားသမားတစ်ဦးအကြောင်းပါ။သူ့ကိုမှ ကစားခွင့်မပေးရင် ဘယ်သူ့ကိုပေးမှာလဲ။ပွဲကစားခွင့်ရဖို့ အများကြီးပိုထိုက်တန်တဲ့ နံပတ် ၁၀ အကြောင်းကို ပြောနေတာပါ။သူကတော့ ဒီမှာပဲ နေချင်ပြီး ဘာစီလိုနာအတွက် ဆက်ကစားချင်နေပါတယ်။ကျွန်တော်က ဖခင်အနေနဲ့ တစ်ဖက်ကတွေးနေပေမယ့် အန်ဆုကတော့ ဒါကို သဘောမတူပါဘူး”လို့ ပြောခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိ အန်ဆုဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါပြိုင်ပွဲမှာ ၉ ပွဲသာ ပွဲစကတည်းက ပါဝင်ခဲ့ရပြီး တိုက်စစ်နေရာအတွက် လီဝန်ဒေါစကီး၊ ဒမ်ဘီလီ၊ ရာဖင်ဟာ၊ ဖာရန်တောရက်စ်တို့နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က