မက်ဆီကို ဝေဖန်သူ နောက်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဆန်ခါတင်ကစားသမား ၃၀ ဦးစာရင်းထုတ်ပြန်ခဲ့ပြီးနောက် မက်ဆီက ဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေသလို ဝေဖန်အခံရဆုံးကစားသမားလည်းဖြစ်နေခဲ့ပါတယ်။


လာမယ့်နိုဝင်ဘာလအတွင်းမှာ ပေးအပ်ချီးမြှင့်သွားမယ့် ဘလွန်းဒီအောဆုကို မက်ဆီပဲ ဆွတ်ခူးသွားမယ်ဆိုရင် စိတ်ပျက်ရလိမ့်မယ်လို့ ပြောဆိုသူ နောက်တစ်ဦးထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါပုဂ္ဂိုလ်ကတော့ ယူနိုက်တက်ကစားသမားဟောင်းအီဗရာဖြစ်ပြီး မက်ဆီက ဘာစီလိုနာအတွက် ဘာတွေလုပ်ပြခဲ့လို့ ဒီဆုကို ရရှိမှာလဲလို့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။ 



ဆန်ခါတင်ကစားသမား ၃၀ ဦးစာရင်းထုတ်ပြန်ခဲ့ပြီးနောက် မက်ဆီက ဆုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေသလို ဝေဖန်အခံရဆုံးကစားသမားလည်းဖြစ်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်ကျော်တစ်ခုအတွင်းမှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးတည်းကသာ အဆိုပါဆုကို အများဆုံးဆွတ််ခူးခဲ့ကြပြီး ဆုရွေးချယ်မှုနဲ့ပတ်သက်ကာ ဝေဖန်အပြစ်တင်သံတွေကလည်း ပိုမိုများပြားလာခဲဲ့တာဖြစ်ပါတယ်။ 

အီဗရာက "ကျွန်တော့်အမြင်အရဆိုရင် ဘလွန်းဒီအောဆုက ဂျော်ဂျင်ဟို ဒါမှမဟုတ် ကန်တေတို့အတွက်ပါပဲ၊ မက်ဆီကိုသာ ပေးလိုက်မယ်ဆိုရင် ကျွန်တော်စိတ်ပျက်မိမှာပဲ။ မနှစ်က မက်ဆီက ဘာတွေအနိုင်ရအောင် လုပ်ခဲ့လို့လဲ၊ ကိုပါအမေရိကဖလားလား၊ ကောင်းပြီလေ၊ ဘာစီလိုနာနဲ့ရော သူ ဘာတွေလုပ်ပြခဲ့လို့လဲ" လို့ မေးခွန်းထုတ်ကာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနဲ့ ကိုပါအမေရိကဖလားကိုဆွတ်ခူးခဲ့ပေမယ့် ဘာစီလိုနာနဲ့တော့ ကိုပါဒယ်ရေးဖလားကိုသာ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ ဘာစီလိုနာမအောင်မြင်ခဲ့ဘဲ အရေးနိမ့်ခဲ့ပြီး ကိုပါအမေရိကအောင်မြင်မှုတစ်ခုတည်းနဲ့ မက်ဆီကို ဘလွန်းဒီအောဆုပေးခဲ့မယ်ဆိုပါက ဆုရွေးချယ်မှုှုဟာ လူရယ်ချင်စရာဖြစ်သွားလိမ့်မယ်လို့ ဘောလုံးလောကအတွင်းက နာမည်ကျော်ပုဂ္ဂိုလ်တွေကလည်း ပြောဆိုထားခဲ့ကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က