ချီလီနီနဲ့ လီဝန်ဒေါစကီးနောက်မှာသာရှိတယ်လို့ ဆိုပါတယ်။

ဒီဆုအတွက် လက်ရှိမှာ ဆန်ခါတင်ကစားသမား ၃၀ စာရင်းကို ကြေညာထားပြီးဖြစ်ကာ မက်ဆီ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ လီဝန်ဒေါစကီးတို့က ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။ 


ဒီနှစ်အတွက် ဘလွန်းဒီအောဆုကိုရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ မက်ဆီကို အဆိုပါဆုနဲ့ ထိုက်တန်မှုမရှိဘူးလို့ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းတစ်ဦးက ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပေးအပ်ချီးမြျင့်သွားမယ့် ဒီဆုအတွက် လက်ရှိမှာ ဆန်ခါတင်ကစားသမား ၃၀ စာရင်းကို ကြေညာထားပြီးဖြစ်ကာ မက်ဆီ၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ လီဝန်ဒေါစကီးတို့က ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။ 



ဘလွန်းဒီအောဆုကို ၆ ကြိမ်ရယူထားတဲ့ မက်ဆီဟာ နောက်ထပ်စံချိန်သစ်အဖြစ် ၇ ကြိမ်မြောက်ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာလည်းဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အတူ ဥရောပပြိုင်ပွဲနဲ့ ပြည်တွင်းလိဂ်မှာ ကျဆုံးခဲ့တဲ့ မက်ဆီဟာ ဂိုးသွင်းဘုရင်ဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ပြီး အာဂျင်တီးနားနဲ့လည်း ကိုပါအမေရိကဖလားကို ရယူနိုင်ပါတယ် ဒါပေမယ့်လည်း ဆန်ဒရိုဝက်ဂ်နာကတော့ မက်ဆီ ဘာလို့ရေပန်းစားနေရတာလဲဆိုတာကို သူနားမလည်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ 

ဂျာမန်နာမည်ကြီးသတင်းစာ BILD နဲ့ တွေ့ဆုံမှုမှာ ဝက်ဂ်နာက "မက်ဆီက ဘလွန်းဒီအောဆုနဲ့ ထိုက်တန်မှုမရှိပါဘူး၊ ဒီနှစ်မှာဆိုရင် ပိုပြီးတော့တောင်မှ ရှင်းပါသေးတယ်၊ ကျွန်တော့်ဆန္ဒကိုပြောတာနော်၊ ချီလီနီ၊ လီဝန်ဒေါစကီးတို့ရဲ့နောက်မှာပဲ သူရှိနေပါတယ်၊ သူ ဒီဆုကို ရယူနိုင်ဖို့က ၀% ပဲရှိပါတယ်" လို့ ပြောဆိုသွားခဲ့ကြောင်း le10sport ကလည်း ဖော်ပြသွားခဲ့ပါတယ်။

ဒါဟာ မက်ဆီကို ဒီဆုမပေးဖို့အတွက် နောက်ထပ်ပြောဆိုလာတဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ဒီမတိုင်ခင်မှာလဲ ဝေဖန်ထောက်ပြသူတွေရှိနေခဲ့ပါတယ်။ မက်ဆီထက် ပိုမိုအောင်မြင်ခဲ့တဲ့ ဂျော်ဂျင်ဟို၊ ကန်တေ၊ လီဝန်ဒေါစကီးတို့က တစ်ဦးဦးရယူနိုင်သင့်တယ်လို့ ထောက်ပြခဲ့ကြပြီး မက်ဆီသာ ထပ်မံရရှိမယ်ဆိုရင်တော့ ဒီဆုရွေးချယ်ပေးအပ်နေမှုဟာ ကလေးကစားပွဲတစ်ခုလိုဖြစ်သွားလိမ့်မယ်လို့ ပြင်းပြင်းထန်ထန်ပြောဆိုသူတွေလည်း ရှိနေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က