လူတံတိုင်းကာချိန်မှာ လှဲအိပ်ကာပေးနေတာပါ။

ဘယ်တုန်းကမှ မြင်တွေ့ရခြင်းမရှိတဲ့ မက်ဆီတစ်ယောက်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဝေဖန်သုံးသပ်သူ ဖာဒီနန်ကိုလည်း တော်တော်လေး စိတ်ထိခိုက်စေတဲ့အထိဖြစ်ခဲ့ရပါတယ်။ 


ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ရဲ့ပွဲစဉ်မှာ မန်စီးတီးတို့ အလွတ်တည်ကန်ဘောရရှိချိန် မက်ဆီက လူတံတိုင်းနောက်မှာလှဲအိပ်ခဲ့ပြီး ကာကွယ်ရာမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒီမြင်ကွင်းဟာ တော်တော်လေးထူးခြားတဲ့မြင်ကွင်းဖြစ်ခဲ့ပြီး ဘယ်တုန်းကမှ မြင်တွေ့ရခြင်းမရှိတဲ့ မက်ဆီတစ်ယောက်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဝေဖန်သုံးသပ်သူ ဖာဒီနန်ကိုလည်း တော်တော်လေး စိတ်ထိခိုက်စေတဲ့အထိဖြစ်ခဲ့ရပါတယ်။ 

talkSPORT က တဆင့် ဖာဒီနန်က ပြောဆိုခဲ့ရာမှာ မက်ဆီရဲ့ အခုလိုအပြုအမူအတွက် ပီအက်စ်ဂျီအသင်းနဲ့ ကစားသမားတွေကို အပြစ်တင်လိုဟန်တွေတောင် ပါဝင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မက်ဆီက အသင်းသစ်အတွက် ပထမဆုံးဂိုးကို လှလှပပသွင်းယူပေးခဲ့လို့ အားလုံးပျော်ရွှင်ခဲ့ရပေမယ့် ဖာဒီနန်ကတော့ လူတံတိုင်းကာရာမှာ မက်ဆီက လှဲအိပ်ခဲ့တဲ့အပေါ်မှာ ဒေါသထွက်နေခဲ့ပါတယ်။ 

ဖာဒီနန်က "လေ့ကျင့်ရေးကွင်းမှာ ဒီလိုလုပ်ဖို့အတွက် ပိုချက်တီနိုက ပြောခဲ့တဲ့အချိန်မှာ တယောက်ယောက်က အဲဒီလိုမလုပ်ဖို့ ဝင်ပြောခဲ့သင့်တာပါ၊ ဒါက မက်ဆီရဲ့ အပြုအမူမျိုးမဟုတ်ပါဘူး၊ ဒီလိုလည်းမလုပ်ခိုင်းသင့်ပါဘူး၊ ဒါက လေးစားမှုမရှိရာရောက်ပြီး ကျွန်တော်ဆိုရင် လုပ်ခိုင်းမှာမဟုတ်ပါဘူး၊ အဲဒီအသင်းမှာ ကျွန်တော်သာ အဲအသင်းမှာရှိနေရင် မင်းအစားငါလုပ်မယ်လို့ ပြောလိုက်မှာပဲ"


"မက်ဆီက သူ့ဂျာစီကိုတောင်မှ အစွန်းထင်းခံတာမဟုတ်ဘူးဗျ၊ အခုတော့ ကြည့်ပါဦးဗျာ၊ ဒါက သူလုပ်ရမယ့်အရာမဟုတ်ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီမတိုင်ခင်မှာတုန်းက အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘတ်ပီလည်း ဒီလိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတံတိုင်းကာကွယ်ရာမှ အရပ်အမောင်းကောင်းမွန်သူတွေက တာဝန်ယူလေ့ရှိပြီး တိုက်စစ်မှူးတွေက တံတိုင်းထဲမှာပါဝင်နေကြတာဖြစ်ပါတယ်။ 


မက်ဆီကတော့ လှဲအိပ်ကာ ကာကွယ်ပေးခဲ့တာဖြစ်ပြီး မြင်ရသူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ဖာဒီနန်ရဲ့ ဝေဖန််မှုနဲ့ပတ်သက်ပြီး မက်ဆီ၊ ပိုချက်တီနိုတို့က တစ်စုံတစ်ရာတုံ့ပြန်ခြင်းတော့မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က