အယ်လ်နာဆာတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့က ပွဲအပြီးမှာ ကလေးပရိသတ်တဦးနဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တွစ်တာမှာ ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုမှတ်တမ်းအရ ရော်နယ်ဒိုဟာ ပရိသတ်တဦးရဲ့ မက်ဆီက မင်းထက်ပိုကောင်းတယ်ဆိုတဲ့ ပြောဆိုမှုအပေါ်မှာ ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါဗီဒီယိုဖိုင်မှာတော့ ကလေးငယ်ပရိသတ်လို့ယူဆရသူက "မက်ဆီက မင်းထက် ပိုကောင်းတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုမှုကို ရော်နယ်ဒိုက "အဲဒါဆိုရင် မင်း သူကန်တဲ့ပွဲကို သွားကြည့်လေ၊ ဘာလို့ ဒီကိုရောက်နေတာလဲ" ဆိုပြီး တုံ့ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ ဥမင်အတွင်းကို ရော်နယ်ဒိုက ဝင်ရောက်လာချိန်မှာ အခုလိုမျိုးဖြစ်ပွားခဲ့တာပါ။
မနေ့ကပွဲမှာ အယ်လ်နာဆာက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ဂီုးမသွင်းယူနိုင်ခဲ့ပါဘူး။ ဒီအတွက်ကြောင့် သူ ဂိုးမသွင်းနိုင်ရင် မကျေမနပ်နိုင်ဖြစ်နေတဲ့ ရော်နယ်ဒိုက ဒေါသထွက်နေဟန်ရှိကာ အခုလိုမျိုး ပြောတာနဲ့ ရင်ဆိုင်ရချိန်မှာ ချက်ချင်းပဲ ပြန်လည်တုံ့ပြန်သွားခဲ့တယ်လို့ ယူဆရပါတယ်။
ပုံမှန်အားဖြင့် ရော်နယ်ဒိုဟာ ပရိသတ်တွေကို အခုလိုမျိုး ပြန်လည်တုံ့ပြန်မှုတွေ လုပ်ခဲသူဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တုန်းကလည်း ကလေးငယ်ပရိသတ်တဦးရဲ့ ဖုန်းကို ရိုက်ချခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အဆိုပါပြစ်ဒဏ်ကို အယ်လ်နာဆာကို ပြောင်းရွှေ့ပြီးတဲ့အထိ စောင့်ဆိုင်းခဲ့ပြီးမှ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။